Connect with us

Hi, what are you looking for?

News

KNLA နဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် လေးဦးသေဆုံး

အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့အနီး ရွာသစ်ရွာက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် လေးဦးသေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်က ကော့ကရိတ်မြို့အနီး ကေအဲန်ယူထိန်းချုပ်နယ်မြေ ရွာသစ်ကျေးရွာထဲကို အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၅၆ တပ်က နယ်မြေကျူးကျော်ဝင်ရောက်လာလို့ နယ်မြေခံ KNLA တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။

” သေတာ လေးယောက်ရှိတယ်။ အဲ့ဒီထဲမှာ ဗိုလ်တစ်ဦးပါတယ်။ ဒဏ်ရာရ သုံးယောက်ထဲမှာ တပ်စိတ်မှူးလည်းပါတယ်။ မနေ့ည ၇ နာရီလောက်မှာ အာရှလမ်းမနား ပြန်ဆုတ်သွားတယ်။ သူတို့ထပ်လာဖို့ရှိသေးတယ်။ အပြီးပြန်တာ မဟုတ်သေးဘူး” လို့ နယ်မြေခံ KNLA အရာရှိတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရွာသစ်ရွာက ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ်ကို လက်နက်ကြီးကျည်ထိမှန်ပျက်စီးသွားခဲ့ရပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထုတွေ စိုးရိမ်ကြောက်ရွံ့နေရပြီး တိမ်းရှောင်ပြေးနေရတာတွေ ရှိတယ်လို့ ကြားသိရပါသေးတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ကော့ကရိတ်မြို့ အာရှလမ်းမအနီး ကော့နွဲ့ရွာမှာ KNLA တပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးရာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး အယောက် ၂၀ နီးပါး ဒဏ်ရာရရှိသွားခဲ့သေးတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။