Connect with us

Hi, what are you looking for?

News

ဟားခါးနှင့်ဖလမ်းကြားတွင် တိုက်ပွဲပြင်းထန်​နေ

ချင်းပြည်နယ်အတွင်း အင်အားဖြည့်တင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ချင်းအမျိုးသားတပ်ဦး(CNA)နှင့်ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့ (CDF) ကဆီးကြိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ချင်းပြည်နယ်မြို့တော်ဟားခါးနှင့် ဖလမ်းမြို့ကြားတွင်အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ချင်းပြည်နယ် ဒေသခံကာကွယ်ရေးတပ်များကြား ယ​နေ့မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ​ကြောင်း ဒေသခံများကပြောသည်။

ချင်းပြည်နယ်အတွင်း အင်အားဖြည့်တင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ချင်းအမျိုးသားတပ်ဦး(CNA)နှင့်ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့ (CDF) ကဆီးကြိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ဖလမ်းမြို့နယ်ထဲမှ ကျေးရွာ လေးရွာမှ ဒေသခံများလည်း ဘေးလွတ်ရာထွက်ပြေးနေရ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကို ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNA)က အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများနှင့် ခရီးသွားကားများကို လူသားဒိုင်းအဖြစ် အသုံးပြု​နေသဖြင့် ဖလမ်း-ရိဒ်နှင့် ဖလမ်း-ဟားခါးလမ်းကို သေရေရှင်ရေးအပ အသုံးမပြုရန် သတိပေးပြီးနောက် ယခုလို တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ အကြမ်းဖက်စစ်တပ်က စစ်ကား ၆ စီးနှင့်တင့်ကား ၁ စီးကို ပြည်နယ်မြို့တော် ဟားခါးကို အင်အားဖြည့်တင်းလာစဉ် ဒေသခံကာကွယ်ရေးတပ်များက ယခုလိုကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။