Connect with us

Hi, what are you looking for?

News

ရွှေပြည်သာက စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ပစ်သတ်ခံရ

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရပ်ကွက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ၅/၁ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ရာအိမ်မှူးထွန်းထွန်း ယနေ့ (အောက်တိုဘာ၁၃)ညနေ ၃ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားကြောင်း အဆိုပါရပ်ကွက်နေပြည်သူများက ပြောသည်။

“ရာအိမ်မှူး ထွန်းထွန်းက သူ့အိမ်ရှေ့မှာ ရှိနေတုန်း လူ နှစ် ယောက်လာပစ်သွားတာပါ။ ခေါင်းနဲ့ ဗိုက်တွေ ထိသွားတာ တွေ့ရပါတယ်။ နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာတော့ မသိပါဘူး။ သူက ဆန္ဒပြတဲ့ကလေးတွေ နေတဲ့နေရာတွေကို စစ်ကောင်စီကို သတင်းပေးလုပ်နေတယ် လို့ ရပ်ကွက်မှာနာမည်ကြီးပါတယ် “ဟု ရွှေပြည်သာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရပ်ကွက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။