Connect with us

Hi, what are you looking for?

News

မိုးကုတ်မှာ ကိုဗစ်ပိုးတွေ့လူနာများလာလို့ ရပ်ကွက်တစ်ခုကို Lock down ချ

“ဒီနေ့က တစ်ရပ်ကွက်တည်းတင်ကို ၂၀လောက်တွေ့လို့ Lock downချလိုက်ပြီး ၊အခုမိုးကုတ်မှာက တဖြည်းဖြည်းကိုဗစ်ပိုးတွေ့တာတွေရှိနေပြီ၊ နောက်ရက်တွေမှာတောင် lock down ပြုလုပ်နိူင်တဲ့ရပ်ကွက်တွေရှိနေပြီ”ဟု မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့ရှိ အုန်းကိုင်းရပ်မှာ ကိုဗစ်ပိုးတွေ့လူနာ အတွေ့များလာတဲ့အတွက် ရပ်ကွက်အတွင်း အဝင်အထွက်ကန့်သတ်ပြီး Lock downပြုလုပ်လိုက်ပါတယ်။

ရေပူရပ်ကွက် အုန်းကိုင်းရပ်တခုတည်းမှာတင် ပိုးတွေ့လူနာ ၂၀တွေ့ရှိတဲ့အတွက် အဝင်အထွက်ကန့်သတ်တာ ၊ရပ်ကွက်တွင်းနေထိုင်သူတွေ နေအိမ်ပြင်ပကိုထွက်ခွာလာတာမလုပ်ဖို့ ၊၊ပြည်ပမှနေထိုင်သူများအနေနဲ့ ကန့်သတ်ထားတဲ့ ရပ်ကွက်တွင်းသို့ ဝင်ရောက်တာမလုပ်ဖို့ Lock down ချလိုက်တာပါ။

“ဒီနေ့က တစ်ရပ်ကွက်တည်းတင်ကို ၂၀လောက်တွေ့လို့ Lock downချလိုက်ပြီး ၊အခုမိုးကုတ်မှာက တဖြည်းဖြည်းကိုဗစ်ပိုးတွေ့တာတွေရှိနေပြီ၊ နောက်ရက်တွေမှာတောင် lock down ပြုလုပ်နိူင်တဲ့ရပ်ကွက်တွေရှိနေပြီ”ဟု မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မိုးကုတ်မှာ မနေ့ကိုဗစ်ကြောင့် ၂ဦးသေဆုံးပြီး ဒီကနေ့မှာ ၁ဦးသေဆုံးခံတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ မိုးကုတ်မြို့ရှိကွာရာတင်းစင်တာနဲ့ ဆေးရုံကြီးတို့မှာလည်း ကိုဗစ်လူနာတွေတက်ရောက်ကုသမှုရှိနေပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းတုန်းက မိုးကုတ်မှာ ရောဂါပိုးတွေ့ရှိသူ ၉၀၀ကျော်ရှိပြီး သေဆုံးသူ၁၀၀ကျော်ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။