Connect with us

Hi, what are you looking for?

News

KNLA နဲ့တိုက်ပွဲ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးတယ်လို့ KNLA ပြော

ဒီကနေ့မှာလည်း ကော့ကရိတ်မြို့ အာရှလမ်းမနားက ကမိုင်ကုန်းရွာအနီးမှာ ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးထပ်မံသေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ KNLA အရာရှိတစ်ဦးထံကနေ သိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ကော့ကရိတ်မြို့အနီးတိုက်ပွဲ သုံးရက်အတွင်း စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့အနီး အာရှလမ်းမနား ကေအဲန်ယူ ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာ ၁၁ ကနေ ၁၃ ရက်နေ့အထိ KNLA တပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် ၁၁ ဦးသေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

အောက်တိုဘာ ၁၁ ရက်နေ့က ကော့ကရိတ်မြို့အနီး အာရှလမ်းမနားက ကော့နွဲ့ရွာထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့လို့ KNLA တပ်နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့ကာ ၁၈ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ကော့ကရိတ်မြို့အနီး အာရှလမ်းမနားက ရွာသစ်ကျေးရွာထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်ခဲ့ပြီး KNLA တပ်နဲ့ ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲ့ဒီလေးဦးထဲမှာ ဗိုလ်အဆင့်ရှိသူတစ်ဦးလည်း ပါဝင်တာပါ။

Public Service Announcement

Public Service Announcement

ဒီကနေ့မှာလည်း ကော့ကရိတ်မြို့ အာရှလမ်းမနားက ကမိုင်ကုန်းရွာအနီးမှာ ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးထပ်မံသေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ KNLA အရာရှိတစ်ဦးထံကနေ သိရပါတယ်။

သုံးရက်တာတိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိတဲ့သူတွေမျျားပြားခဲ့ပြီး အလောင်းတွေကိုတော့ ဒေသခံရဲ့ နေအိမ်ခြံဝန်းအတွင်းမှာ အစုလိုက်အပြုံလိုက် မြုပ်နှံထားရှိထားတာကို တွေ့ရှိရတာယ်လို့ အဲ့ဒီနေရာကို သွားရောက်ရှင်းလင်းခဲ့တဲ့ နယ်မြေခံ KNLA တပ်မဟာ ၆ ထံကနေ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေးက ရွှေကြက်မင်းဘုန်းကျောင်းဝင်းနဲ့ လှိုင်ဝဘုရားကုန်းမှာ စခန်းချထားပြီး လက်နက်ကြီးတွေနဲ့ ဒေသခံရွာတွေထဲကို လှမ်းပစ်တာတွေ ပြုလုပ်ခဲ့လို့ မနေ့က ဒေသခံတစ်ဦးရဲ့ နေအိမ်ထိမှန်ပျက်စီးသွားခဲ့ပြီး ဒီကနေ့မှာလည်း ကမိုင်ကုန်း ရွာသစ်ရွာအနီးမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့သေးတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook