Connect with us

Hi, what are you looking for?

News

စစ်ကိုင်း၊ မကွေး၊ ကယားနဲ့ချင်းတို့မှာ စစ်တပ်ရဲ့လူ့အခွင့် အရေးချိုးဖောက်မှုတွေ ပိုမိုများပြားမလာစေရေးတားဆီးနိုင်ဖို့ မြန်မာသံအမတ်ကြီး တိုက်တွန်း

(၇၆)) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပါဝင်ဆွေးနွေးတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုများပြားလာနိုင်ဖွယ်ရှိပြီး အဲဒီလို မဖြစ် ပွားစေရေး တားဆီးနိုင်ဖို့ လွန်စွာအရေးကြီးတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က(အောက်တိုဘာ၁၃) တိုက်တွန်းပါတယ်။

(၇၆)) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပါဝင်ဆွေးနွေးတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာပြီး စိတ်နှလုံးမချမ်းမြေ့ဖွယ်များဖြစ် တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေဟာ လုံခြုံမှုမရရှိတဲ့အပြင် လွတ်လပ်စွာဆန္ဒ ဖော်ထုတ်ခွင့်တွေလည်း ဆုံးရှုံးနေပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အို များအပါအဝင် ထိခိုက်လွယ်အုပ်စုတွေကို ကာကွယ်ပေးမှုမရှိဘဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ဆောင်မှုတွေကို ခံစားကြရတယ်လို့ ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ ခွဲခြားမှုမရှိအင်အားသုံးတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာက စိုးရိမ်တိုက်တွန်းလျက်ရှိပေမယ့် စစ်အုပ်စုဟာ ထိုးစစ်များ ပိုမိုကျူးလွန်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း နိုင်ငံအနှံ့အပြား အထူးသဖြင့် စစ်ကိုင်း၊ မကွေး၊ ကယားနဲ့ ချင်း တို့မှာ လက်နက်ကြီးတွေ၊ တပ်ဖွဲ့တွေ ပိုမိုချထားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂကို ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ပိုမိုဆိုးရွား၊ တိုးမြှင့်လာတဲ့ အကြမ်းဖက်မှုတွေကို တားဆီးရာမှာ နိုင်ငံတကာအသိုက်အဝန်း၊ အထူး သဖြင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးအနေနဲ့ ဆောင်ရွက်ပေးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်းက မေးမြန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အတွင်းစျေးဝယ်လာသူတွေ နဲ့ ကားသမားတွေကိုစစ်တပ်နဲ့ပျူ​စောထီး​တွေက အဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် တွင်ယခုရက်ပိုင်းဖြစ်ပွားနေသော တိုက်ပွဲများ၌ ကသည်းနှင့် နာဂသူအဖွဲ့များဖြစ်သောMeitei PLAနှင့်နာဂ NSCN-IMတို့က အင်အားအများအပြားဖြင့် စစ်ကောင်စီဘက်မှ ကူတိုက်​ပေးနေကြောင်း ဒေသခံများကပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူလူထုများဒုက္ခဆင်းရဲတွင်း ရောက်ရှိနေမှု၊ ဆန့်ကျင်တွန်းလှန်သူများပြားမှုတို့ကို ဂရုမစိုက်၊ နည်းမှန်လမ်းမှန် ဖြေရှင်းခြင်းမပြုသည့်အပြင် စစ်တပ်ကြီးစိုးမှု အမြဲရရှိရေး ကြိုးပမ်းနေသည့်အပေါ် လက်မခံဘဲ ဆန့်ကျင်ကြရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိမြို့နယ်များ မှစစ်တပ်စခန်းများပတ်ဝန်းကျင်ကို AA က မိုင်းရှင်းလင်းစဉ် ဘုရားစာများကပ်ထားသည့် မိုင်းများ၊ ဗုံးများ၊ လက်နက်ကြီးကျည်ဆန်များကို တူးဖော်တွေ့ရှိခဲ့သည်။