Connect with us

Hi, what are you looking for?

News

စစ်ကိုင်း၊ မကွေး၊ ကယားနဲ့ချင်းတို့မှာ စစ်တပ်ရဲ့လူ့အခွင့် အရေးချိုးဖောက်မှုတွေ ပိုမိုများပြားမလာစေရေးတားဆီးနိုင်ဖို့ မြန်မာသံအမတ်ကြီး တိုက်တွန်း

(၇၆)) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပါဝင်ဆွေးနွေးတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုများပြားလာနိုင်ဖွယ်ရှိပြီး အဲဒီလို မဖြစ် ပွားစေရေး တားဆီးနိုင်ဖို့ လွန်စွာအရေးကြီးတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က(အောက်တိုဘာ၁၃) တိုက်တွန်းပါတယ်။

(၇၆)) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပါဝင်ဆွေးနွေးတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာပြီး စိတ်နှလုံးမချမ်းမြေ့ဖွယ်များဖြစ် တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေဟာ လုံခြုံမှုမရရှိတဲ့အပြင် လွတ်လပ်စွာဆန္ဒ ဖော်ထုတ်ခွင့်တွေလည်း ဆုံးရှုံးနေပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အို များအပါအဝင် ထိခိုက်လွယ်အုပ်စုတွေကို ကာကွယ်ပေးမှုမရှိဘဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ဆောင်မှုတွေကို ခံစားကြရတယ်လို့ ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ ခွဲခြားမှုမရှိအင်အားသုံးတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာက စိုးရိမ်တိုက်တွန်းလျက်ရှိပေမယ့် စစ်အုပ်စုဟာ ထိုးစစ်များ ပိုမိုကျူးလွန်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း နိုင်ငံအနှံ့အပြား အထူးသဖြင့် စစ်ကိုင်း၊ မကွေး၊ ကယားနဲ့ ချင်း တို့မှာ လက်နက်ကြီးတွေ၊ တပ်ဖွဲ့တွေ ပိုမိုချထားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂကို ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ပိုမိုဆိုးရွား၊ တိုးမြှင့်လာတဲ့ အကြမ်းဖက်မှုတွေကို တားဆီးရာမှာ နိုင်ငံတကာအသိုက်အဝန်း၊ အထူး သဖြင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးအနေနဲ့ ဆောင်ရွက်ပေးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်းက မေးမြန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။