Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာမြို့နယ်မှ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရ၍သေဆုံး

အဆိုပါ ပစ်ခတ်ခံရသူသည် အောက်တိုဘာ ၇ရက်က အောင်ချမ်းသာရွာသို့ စစ်ကောင်စီတပ်မျာ လာရောက်စဉ် စစ်ကောင်စီကို သတင်းပေးအဖြစ်လုပ်ဆောင်ခဲ့သည်ဟုဒေသခံအချို့က ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စုအောင်ချမ်းသာကျေးရွာမှ စစ်ကောင် စီသတင်းပေးဆိုသူ နိုင်ထွန်းသည် ယနေ့(အောက်တိုဘာ ၁၄)နံနက်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းဒေသခံက ပြောပြသည်။

“မနက်က ပျူစောထီးအဖွဲ့ဝင် တစ်ဦး အပစ်ခံရတယ်။ အပစ်ခံရတဲ့သူရဲ့ နာမည်က နိုင်ထွန်းတဲ့။ အပစ်ခံရတဲ့သူက ငါးချက်အပစ်ခံရတယ်။ တစ်ချက်က ပေါင်ကိုထိတယ်လို့ပြောတယ်။အပစ်ခံရတဲ့နေရာကနေ ဆိုင်ကယ်ထားပြီး ထွက်ပြေးတယ်တဲ့။သူအိမ်ကို ပြေးပြီး ငါဒလန်မဟုတ်ဘူးလို့အော်တယ်တဲ့”ဟု ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် အောက်တိုဘာ ၇ရက်က အောင်ချမ်းသာရွာသို့ စစ်ကောင်စီတပ်မျာ လာရောက်စဉ် စစ်ကောင်စီကို သတင်းပေးအဖြစ်လုပ်ဆောင်ခဲ့သည်ဟုဒေသခံအချို့က ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ကျေးရွာသို့ ရောက်ရှိလာပြီး ယနေ့ ညနေပိုင်းထိ ရွာ၌ တပ်စွဲထားကြောင်း၊ ကျေးရွာသူ ကျေးရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။