Connect with us

Hi, what are you looking for?

News

အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေး၊ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာကြေညာချက်ကို NUG ထုတ်ပြန်

NUGရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးနဲ့ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကြေညာချက်ကို ဒီကနေ့ (အောက်တိုဘာ ၁၄)ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ မြန်မာ့ပိုင်နက်နယ်မြေအတွင်းကနေ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့အဖွဲ့အစည်းတွေကို လက်ခံခွင့်ပြုမှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

NUGရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးနဲ့ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကြေညာချက်ကို ဒီကနေ့ (အောက်တိုဘာ ၁၄)ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

NUGဟာ ပြည်သူလူထုကို ဗဟိုပြုပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုဆီဦးတည်တဲ့ စံနှုန်းတွေနဲ့အတူ လွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒကို လိုက်နာကျင့်သုံးတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံအကျိုးစီးပွားတွေမြှင့်တင်ရာမှာ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး မိတ်ဆွေရင်းဆက်ဆံရေးတွေကို ထိန်းသိမ်းမယ်လို့ NUGက ကတိပြုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြည်ပနိုင်ငံလက်နက်ကိုင်မဟုတ်တဲ့အဖွဲ့အစည်းအချို့ဟာ အကြမ်းဖက်စစ်ကောင်စီကို ကူညီဖို့ မြန်မာပိုင်နက်နယ်မြေအတွင်းမှာ အခြေချနေတာကို သတိပြုမိကြောင်းနဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)တွေကို တိုက်ခိုက်ဖို့ စစ်ကောင်စီက အဲဒီအဖွဲ့အစည်းတွေကို အသုံးချကာ အားသာချက်ယူနေကြောင်း NUG က ထုတ်ပြန်ပါတယ်။

NUG ဟာ တာဝန်ခံမှုရှိတဲ့ဒေသတွင်း မိတ်ဖက်အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းဖို့ နယ်စပ်ဖြတ်ကျော်ယန္တရားတွေ၊ မူဝါဒတွေနဲ့ အခြေခံအဆောက်အဦတွေကို မြှင့်တင်လုပ်ဆောင်ဖို့ အိမ်နီးချင်းနိုင်ငံတွေကို ကတိကဝတ်ပြုတယ်လို့ ထပ်လောင်း ကြေညာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook