စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် တော်လှန်ရေးမဟာမိတ်၁၀ဖွဲ့ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို ယနေ့(အောက်တိုဘာ၁၄)နှစ်ကြိမ်တိုင် မိုင်းခွဲကာ ခုခံတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက ယနေ့ညတွင်ထုတ်ပြန်သည်။
ယနေ့ နံနက်၉ နာရီခန့်တွင် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာ နှင့် အုန်နှဲဘုတ်ကျေးရွာကြား ဖြတ်သန်းနေသော စစ်ကား၂စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျဆုံးအရေအတွက်မသိရသေးကြောင်း မဟာမိတ်အဖွဲ့ဝင်များက အသိပေးသည်။
ထိုအပြင်မွန်းလွှဲ ၂ နာရီခန့်တွင် မြောင်မြို့နယ်ဆွဲလဲအိုကျေးရွာ နှင့် ဖွားစောရွာကြား ဖြတ်သန်းသွားနေသော စစ်ကား၂စီးကိုလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ခန့်မှန်းခြေ စစ်သား ၁၀ဦးခန့် ကျဆုံးနိုင်ကြောင်း မဟာမိတ်အဖွဲ့ဝင်များက အသိပေးသည်။
ယနေ့ မိုင်းခွဲတိုက်ခိုက်မှုတွင် ဒေသခံPDF အဖွဲ့မှပြည်သူ့ရဲဘော်တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်း ၊ဖမ်းဆီးခံရခြင်း၊ ကျဆုံးခြင်းမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement
မြိုင်မြို့နယ် ကျေးရွာများတွင်ဝင်ရောက်မွှေနှောက်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မရှိသောပြည်သူများအားရန်သူလိုမုန်းတီးပြီး ရမ်းကားနေကြသော စစ်ကောင်စီ တပ်သားများအား ရည်ရွယ်ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မဟာမိတ်တပ်ဖွဲ့ဝင်များက ပြောသည်။
မဟာမိတ်၁၀ဖွဲ့တွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ Myaung Special People’s Defense Force – MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊ PDF–Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ People Defense Force Yesagyo ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG)၊ Chaung U People’s Defense Force ၊ နှင့် Monywa People Defence Force – MPDF စသည့်အဖွဲ့များပါဝင်သည်။
အဆိုပါမဟာမိတ်အဖွဲ့ဝင်များသည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ဆုံရာ ဒေသတွင် အခြေတည်ကာ အကြမ်းဖက်စစ်ကောင်စီကိုခုခံတော်လှန်နေကြပြီး ယခင်ရက်ပိုင်းကလည်း မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးကြောင့် စစ်ကားများ မိုင်းမိခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုဆက်တိုက်ရှိနေသည်။
အောက်တိုဘာ ၁၂ ရက်ညပိုင်းက မြောင် PDF စခန်းကို စစ်ကောင်စီတပ်များက PDF အသွင်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး PDFများထိခိုက်မှုမရှိသော်လည်း အောက်တိုဘာလ ၁၃ ရက်တွင် စခန်းအနီးရှိ လူနေအိမ်များအား စစ်ကောင်စီတပ်သားများထပ်မံလာရောက်ကာ မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်။


















































