Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီဝန်ကြီးပါလို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံမယ့်ဆွေးနွေးပွဲကို ကုလအတွင်းရေးမှူးချုပ် ရွှေ့ဆိုင်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ မြန်မာစစ်ကောင်စီဝန်ကြီး ၀ဏ္ဏမောင်လွင်အပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့သောကြာနေ့က တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာပါ။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အွန်လိုင်းကနေတွေ့ဆုံမယ့်ဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီဝန်ကြီးပါဝင်နေတာကြောင့် နောက်ဆုံးမိနစ်မှ ရွှေ့ဆိုင်းလိုက်တယ်လို့ Reuters သတင်းဌာနမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ စစ်တပ်ကိုယ်စားလှယ်နဲ့အွန်လိုင်းအစည်းအဝေးတစ်ခန်းတည်းမှာရှိခြင်းအားဖြင့် မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုရာရောက်မှာကို ရှောင်ရှားဖို့အတွက် ရွှေ့ဆိုင်းဖို့တောင်းဆိုခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂသံတမန်တွေက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ မြန်မာစစ်ကောင်စီဝန်ကြီး ၀ဏ္ဏမောင်လွင်အပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့သောကြာနေ့က တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ ဆွေးနွေးပွဲမတိုင်ခင်တစ်ရက်အလိုမှာ ‘လက်ရှိအရေးပေါ် နိုင်ငံတကာနဲ့ ဒေသတွင်း အကြောင်းအရာတွေနဲ့ပတ်သက်လို့ အပြန်အလှန် နားလည်လက်ခံတဲ့အချိန်တစ်ခုအထိ’ ဆွေးနွေးပွဲကို ရွှေ့ဆိုင်ထားဖို့ အာဆီယံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပန်ကြားခဲ့တယ်လို့ ဆွေးနွေးပွဲရွှေ့ဆိုင်းလိုက်မှုအပေါ် အဖွဲ့ဝင်နိုင်ငံတွေကို အသိပေးတဲ့ အာဆီယံဥက္ကဌဘရူနိုင်းရဲ့အောက်တိုဘာ ၈ရက် မှတ်စုမှာ Reutersက မြင်တွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ အရပ်သားအစိုးရခန့်အပ်တဲ့ လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တို့ မြန်မာကိုယ်စားပြုထိုင်ခုံအတွက် ယှဉ်ပြိုင်နေချိန်၊ အဲဒီအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်မတိုင်ခင်မှာ ဆွေးနွေးပွဲမပြုလုပ်လိုဘူးလို့ အမည်မဖော်လိုတဲ့ ကုလသမဂ္ဂသံတမန်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။