Connect with us

Hi, what are you looking for?

News

ခင်ဦးနယ်တွင် မိုင်းဖြင့်တိုက်ခိုက်ခံရ၍ စစ်ကောင်စီဘက်မှ ၆၀ခန့်သေ၊ အရပ်သားပြည်သူ ၂၁ဦးဖမ်းခံရဟု PDF ထုတ်ပြန်

သေဆုံးအလောင်းများ ကားများပေါ် အစုလိုက်၊အပြုံ လိုက်တင်ပြီး ရေဦးဘက်သို့ သယ်ဆောင်သွားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် လက်နက်ကိုင်ပျူစောထီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင် စီတပ်နှင့် ၎င်း၏ လက်ပါးစေပျူစောထီးများ ပါသည့် အဖွဲ့ကို နေရာ၈နေရာ၌ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆၀ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၅ရက် နံနက် ၃နာရီခွဲအချိန်မှစ၍ ရေဦးမြို့နယ်မှ စစ်ကောင်စီအဖွဲ့များနှင့် ခင်ဦးမြို့နယ်မှ စစ်ကောင်စီအဖွဲ့များအင်အား ၁၀၀ ခန့်သည် ရေဦးမူးတံတားအရှေ့ဘက်တွင် စုရုံးခဲ့ကြောင်း၊ ထို့နောက် ခင်ဦးမြို့နယ် အင်ပက်ကွေ့၊ ရွာသစ်၊ မူးသာ ရွာအစဉ် တစ်လျှောက် လမ်းအတိုင်း ခြေလျင် စစ်ကြောင်းဖြန့်၍ မုံတော (တောင်)ရွာဘက်သို့ ထပ်မံ၍ အင်အားဖြည့်တင်းသော လက်နက်ကိုင် ပျူများနှင့် စစ်ကောင်စီများ စုပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း PDFက ထုတ်ပြန် သည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်များကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အခြားသော မဟာ မိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ပြောက်ကျားစစ်ဆင်ရေး ဖြင့် နေရာအသီးသီးတွင် မြေမြှုပ်မိုင်းများ ထောင်ထားပြီး ဖောက်ခွဲတိုက်ခိုက်ကြရာ နေရာ ၈နေရာ တွင် မိုင်းအလုံး ၂၀ ဖောက်ခွဲခဲ့ကြောင်း၊ စစ်ကောင်စီနှင့် လက်နက်ကိုင် ပျူဘက်မှ အင်အား ၆၀ခန့် ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးအလောင်းများ ကားများပေါ် အစုလိုက်၊အပြုံ လိုက်တင်ပြီး ရေဦးဘက်သို့ သယ်ဆောင်သွားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် လက်နက်ကိုင်ပျူစောထီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲဖြစ်စဥ်တွင် အပြစ်မဲ့ပြည်သူ ၂၁ယောက် ဖမ်းဆီးခံထားရသော်လည်း နယ်မြေခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ လုံး၀ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။