Connect with us

Hi, what are you looking for?

LuduNwayOo

News

ခင်ဦးနယ်တွင် မိုင်းဖြင့်တိုက်ခိုက်ခံရ၍ စစ်ကောင်စီဘက်မှ ၆၀ခန့်သေ၊ အရပ်သားပြည်သူ ၂၁ဦးဖမ်းခံရဟု PDF ထုတ်ပြန်

သေဆုံးအလောင်းများ ကားများပေါ် အစုလိုက်၊အပြုံ လိုက်တင်ပြီး ရေဦးဘက်သို့ သယ်ဆောင်သွားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် လက်နက်ကိုင်ပျူစောထီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင် စီတပ်နှင့် ၎င်း၏ လက်ပါးစေပျူစောထီးများ ပါသည့် အဖွဲ့ကို နေရာ၈နေရာ၌ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆၀ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၅ရက် နံနက် ၃နာရီခွဲအချိန်မှစ၍ ရေဦးမြို့နယ်မှ စစ်ကောင်စီအဖွဲ့များနှင့် ခင်ဦးမြို့နယ်မှ စစ်ကောင်စီအဖွဲ့များအင်အား ၁၀၀ ခန့်သည် ရေဦးမူးတံတားအရှေ့ဘက်တွင် စုရုံးခဲ့ကြောင်း၊ ထို့နောက် ခင်ဦးမြို့နယ် အင်ပက်ကွေ့၊ ရွာသစ်၊ မူးသာ ရွာအစဉ် တစ်လျှောက် လမ်းအတိုင်း ခြေလျင် စစ်ကြောင်းဖြန့်၍ မုံတော (တောင်)ရွာဘက်သို့ ထပ်မံ၍ အင်အားဖြည့်တင်းသော လက်နက်ကိုင် ပျူများနှင့် စစ်ကောင်စီများ စုပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း PDFက ထုတ်ပြန် သည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်များကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အခြားသော မဟာ မိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ပြောက်ကျားစစ်ဆင်ရေး ဖြင့် နေရာအသီးသီးတွင် မြေမြှုပ်မိုင်းများ ထောင်ထားပြီး ဖောက်ခွဲတိုက်ခိုက်ကြရာ နေရာ ၈နေရာ တွင် မိုင်းအလုံး ၂၀ ဖောက်ခွဲခဲ့ကြောင်း၊ စစ်ကောင်စီနှင့် လက်နက်ကိုင် ပျူဘက်မှ အင်အား ၆၀ခန့် ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးအလောင်းများ ကားများပေါ် အစုလိုက်၊အပြုံ လိုက်တင်ပြီး ရေဦးဘက်သို့ သယ်ဆောင်သွားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် လက်နက်ကိုင်ပျူစောထီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲဖြစ်စဥ်တွင် အပြစ်မဲ့ပြည်သူ ၂၁ယောက် ဖမ်းဆီးခံထားရသော်လည်း နယ်မြေခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ လုံး၀ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။