Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထိုးစစ်ကြောင့် ဖလမ်းတွင် နေအိမ်နှင့် ဘာသာရေးအဆောက်ဦး ၂၀ကျော်မီးရှို့ခံရ၊ စစ်ရှောင် ၄၀၀၀ခန့်ရှိလာ

စစ်ကောင်စီတပ်သည် ဖလမ်းမှ ဟာခါးသို့ အင်အားဖြင့်တင်း စစ်ကြောင်းထိုးဝင်လာရာ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့က ခုခံတိုက်ခိုက်လျက်ရှိသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ ဖလမ်း – ဟားခါးလမ်း၌ တိုက်ပွဲများ ဖြစ်ပွားနေရာ အဆိုပါလမ်းပိုင်းရှိ ကျေးရွာများမှ လူဦးရေ ၄၀၀၀ခန့်မှာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

“သူတို့ တောထဲကိုထွက်ပြေးတာ။ ဖလမ်းကိုလည်း နည်းနည်းပါးပါးရောက်တယ်။ မြို့ပေါ်မှာ နည်းနည်းပဲရောက်တာ။ စစ်ရှောင်တွေတော့ တော်တော်လေး ခက်ခဲမှာ။ အခုဆို မိုးရွာလိုက် မြူတွေစိုင်းလိုက်တာတို့ ဘာတို့။ ရာသီဥတုက ဆိုးတယ်။ ကြိုတင်ပြင်ဆင်မှုလည်း သိပ်မရှိဘူးဆိုတော့ စားစရာတွေလည်း တစ်ပတ်နှစ်ပတ်လောက်ကြာရင် အခက်အခဲရှိနိုင်တယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဖလမ်းမှ ဟာခါးသို့ အင်အားဖြင့်တင်း စစ်ကြောင်းထိုးဝင်လာရာ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့က ခုခံတိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီတပ်သည် အဆိုပါလမ်းပိုင်းကို ဝင်ရောက် လာရာ ကျေးရွာ ၃ရွာကို ဖြတ်သန်းပြီးနောက် နှစ်ရွာကို မီးရှို့ခဲ့ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ က သုံးရွာရောက်ပြီ ၂ရွာရှို့တယ်။ တစ်ရွာတော့ ၁၂အိမ်လောက်ရှိတာ အကုန်လုံးမီးရှို့လိုက်တာ။ အဲဒီရွာ(ရီးရာလ်သီးရွာ)မှာက ဘုရားကျောင်းပါတယ်” ဟု ၎င်းက ပြောသည်။

ချင်းသတင်းဌာန The Chin Journal ၏ ဖော်ပြချက်အရ ရီးရာလ်သီးရွာမှ ကျေးရွာခရစ်ယာန်ဘုရားကျောင်းနှင့် ထလန်ရောန် ကျေးရွာမှ ပါစတာမိသားစုနေထိုင်သည့် အသင်းတော်ပိုင် အိမ်အပါအဝင် ရွာ ၂ရွာမှ အဆောက်အဦ ၂၄လုံး မီးရှို့ခံရသည်ဟု ဆိုသည်။

ထို့ပြင် ဖလမ်း-ဟားခါး ကားလမ်းမပေါ်ရှိ လုံပီး၊ ရီရာလ်သီး၊ ထလန်ရောန်၊ တာလ်၊ ထလန်ဇာရ်၊ ရမ်ထလို၊ ဒိုထဲခ့်ကျေးရွာ ၇ရွာမှ ပြည်သူများ နေအိမ်စွန့်ခွာထွက်ပြေးကြရာ စုစုပေါင်း စစ်ဘေးရှောင်လူဦးရေ ၃၉၂၁ ဦး ရှိသည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ – The Chin Journal

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။