Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သောသူရဲကောင်းများအား အမေရိကန်သံရုံးဒုတိယအကြီးအကဲအသစ်က ကျောက်တုံးများဖြင့် ဂုဏ်ပြု

အဆိုပါသံရုံးဒုတိယအကြီးအကဲသည် အသစ်ရောက်ရှိလာသောသူဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများအား ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ဒုတိယ အကြီးအကဲ ဒက်ဘ်လင်းက ကျောက်တုံးများဖြင့် ဂုဏ်ပြုကြောင်း ယနေ့(အောက်တိုဘာ၁၈ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါသံရုံးဒုတိယအကြီးအကဲသည် အသစ်ရောက်ရှိလာသောသူဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။

“အသစ်ရောက်ရှိလာသည့် သံရုံးဒုတိယအကြီးအကဲ ဒက်ဘ်လင်း သည်မြန်မာနိုင်ငံ၌ ကျဆုံးခဲ့ရသော သူရဲကောင်းများအား မကြာသေးခင်က ဂုဏ်ပြုခဲ့ပါသည်။ အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရ အထိမ်းအမှတ်သည် စစ်အာဏာသိမ်းမှုကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားခြင်းဖြစ်ပါသည်။ ယင်းအမှတ်တရအထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၁၃၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကျောက်တုံးတစ်တုံးစီသည် ကျဆုံးခဲ့ရသူတစ်ဦးချင်းစီကို ကိုယ်စားပြုပါသည်။”ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ အောက်တိုဘာ ၁၆ရက်အထိ ၁,၁၇၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။