Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သောသူရဲကောင်းများအား အမေရိကန်သံရုံးဒုတိယအကြီးအကဲအသစ်က ကျောက်တုံးများဖြင့် ဂုဏ်ပြု

အဆိုပါသံရုံးဒုတိယအကြီးအကဲသည် အသစ်ရောက်ရှိလာသောသူဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများအား ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ဒုတိယ အကြီးအကဲ ဒက်ဘ်လင်းက ကျောက်တုံးများဖြင့် ဂုဏ်ပြုကြောင်း ယနေ့(အောက်တိုဘာ၁၈ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါသံရုံးဒုတိယအကြီးအကဲသည် အသစ်ရောက်ရှိလာသောသူဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။

“အသစ်ရောက်ရှိလာသည့် သံရုံးဒုတိယအကြီးအကဲ ဒက်ဘ်လင်း သည်မြန်မာနိုင်ငံ၌ ကျဆုံးခဲ့ရသော သူရဲကောင်းများအား မကြာသေးခင်က ဂုဏ်ပြုခဲ့ပါသည်။ အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရ အထိမ်းအမှတ်သည် စစ်အာဏာသိမ်းမှုကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားခြင်းဖြစ်ပါသည်။ ယင်းအမှတ်တရအထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၁၃၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကျောက်တုံးတစ်တုံးစီသည် ကျဆုံးခဲ့ရသူတစ်ဦးချင်းစီကို ကိုယ်စားပြုပါသည်။”ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ အောက်တိုဘာ ၁၆ရက်အထိ ၁,၁၇၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။