Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ငူမြို့မှစစ်ကောင်စီသတင်းပေးဟုဆိုသော ရွေးကောက်ပွဲရှုံး ပြည်ခိုင်ဖြိုးအမတ်လောင်းအသတ်ခံရ

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်းဦးမောင်မောင်စိုးကို တောင်ငူမြို့ပန်းစွယ်တော်ဟိုတယ်အနီးတွင် လူအချို့ကသေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများကပြောသည်။

တောင်ငူမြို့တွင် စစ်ကောင်စီသတင်းပေးဟုဆိုသောပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်း ယနေ့(အောက်တိုဘာ၁၈) သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်းဦးမောင်မောင်စိုးကို တောင်ငူမြို့ပန်းစွယ်တော်ဟိုတယ်အနီးတွင် လူအချို့ကသေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများကပြောသည်။

“ဒီနေ့(အောက်တိုဘာ ၁၈)မနက် ၇နာရီလောက်က ပစ်သွားတာ။ သေနတ်နဲ့ပစ်သွားလို့ သေတယ်ပဲ ကြားရတယ်။ ကျန်တာ မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးမောင်မောင်စိုးသည် တောင်ငူမြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးပြီး PDFများ၏ သတင်းကို စစ်ကောင်စီထံ ပို့ပေးနေသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

” စစ်တပ်က ပြည်သူလူထုအပေါ် ဘယ်လောက်ယုတ်မာသလဲဆိုတာ ထမင်းစားတဲ့ လူတိုင်းသိတယ်။ ပြည်သူကိုသတ်ဖို့ ဒလန်လုပ်နေရင်တော့ အခုလို သေမှာပဲ။ ကျွန်မတို့ စိတ်မကောင်း မဖြစ်ဘူး”ဟု ဒေသခံတစ်ဦးက သူ၏ အမြင်ကိုပြောသည်။

အာဏာသိမ်းစစ်ကောင်စီသတင်းပေးသော ပြည်ခိုင်ဖြိုး ပါတီဝင်များ နိုင်ငံတစ်ဝန်းမကြာခဏ အသတ်ခံရပြီး အသတ်ခံရသူများတွင် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီး ရှုံနိမ့်ခဲ့သောအမတ်အချို့လည်းပါဝင်လာသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။