Connect with us

Hi, what are you looking for?

News

တောင်ငူမြို့မှစစ်ကောင်စီသတင်းပေးဟုဆိုသော ရွေးကောက်ပွဲရှုံး ပြည်ခိုင်ဖြိုးအမတ်လောင်းအသတ်ခံရ

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်းဦးမောင်မောင်စိုးကို တောင်ငူမြို့ပန်းစွယ်တော်ဟိုတယ်အနီးတွင် လူအချို့ကသေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများကပြောသည်။

တောင်ငူမြို့တွင် စစ်ကောင်စီသတင်းပေးဟုဆိုသောပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်း ယနေ့(အောက်တိုဘာ၁၈) သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်းဦးမောင်မောင်စိုးကို တောင်ငူမြို့ပန်းစွယ်တော်ဟိုတယ်အနီးတွင် လူအချို့ကသေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများကပြောသည်။

“ဒီနေ့(အောက်တိုဘာ ၁၈)မနက် ၇နာရီလောက်က ပစ်သွားတာ။ သေနတ်နဲ့ပစ်သွားလို့ သေတယ်ပဲ ကြားရတယ်။ ကျန်တာ မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးမောင်မောင်စိုးသည် တောင်ငူမြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးပြီး PDFများ၏ သတင်းကို စစ်ကောင်စီထံ ပို့ပေးနေသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

” စစ်တပ်က ပြည်သူလူထုအပေါ် ဘယ်လောက်ယုတ်မာသလဲဆိုတာ ထမင်းစားတဲ့ လူတိုင်းသိတယ်။ ပြည်သူကိုသတ်ဖို့ ဒလန်လုပ်နေရင်တော့ အခုလို သေမှာပဲ။ ကျွန်မတို့ စိတ်မကောင်း မဖြစ်ဘူး”ဟု ဒေသခံတစ်ဦးက သူ၏ အမြင်ကိုပြောသည်။

အာဏာသိမ်းစစ်ကောင်စီသတင်းပေးသော ပြည်ခိုင်ဖြိုး ပါတီဝင်များ နိုင်ငံတစ်ဝန်းမကြာခဏ အသတ်ခံရပြီး အသတ်ခံရသူများတွင် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီး ရှုံနိမ့်ခဲ့သောအမတ်အချို့လည်းပါဝင်လာသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။