Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်အပေါ် ဖြတ်သုံးဖြတ် စဉ်ဆက်မပြတ်လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ကုလအထူးအစီရင်ခံစာတင်သွင်းသူ တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခံရသူ ၅,၀၀၀ ကျော်ကို ပြန်လွှတ်ပေးတဲ့အပေါ် ကြို ဆိုပေမယ့် ဖမ်းဆီးခံရသူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေကို ကျင့်သုံးရာမှာ တရားဥပဒေနဲ့မညီဘဲ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတာ သတိရနေဖို့ အရေးကြီးတယ်လို့ Tom Andrewsက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးခြင်းဟာ သဘောထားပြောင်းလဲလို့မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ဖိအားပေးမှုကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့် အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်တပ်ကို ငွေကြေးဖြတ်တောက်တာ၊ လက်နက်ဖြတ် တောက်တာနဲ့ တရား ဝင်မှုခွင့်မပြု(ဖြတ်တောက်)တာ စတဲ့လုပ်ဆောင်မှု သုံးခုဟာ မြန်မာပြည်သူလူထုကို အကောင်းဆုံးကူညီထောက် ပံ့မှုနည်းလမ်းတွေဖြစ်ပြီး အဲဒါတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်ဖို့ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrewsက တိုက်တွန်းပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခံရသူ ၅,၀၀၀ ကျော်ကို ပြန်လွှတ်ပေးတဲ့အပေါ် ကြို ဆိုပေမယ့် ဖမ်းဆီးခံရသူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေကို ကျင့်သုံးရာမှာ တရားဥပဒေနဲ့မညီဘဲ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတာ သတိရနေဖို့ အရေးကြီးတယ်လို့ Tom Andrewsက ပြောပါတယ်။

ဒီနေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအများစုဟာ ညှင်းပန်းနှိပ်စက်ခံရတာ၊ အချို့သေဆုံးသည်အထိဖြစ်တာ၊ အချို့လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတာ၊ အချို့ဟာ ကိုဗစ်-၁၉ ကူးစက်ခံရတာ၊ လူနေထူထပ်မှုနဲ့ကျန်းမာရေးမညီညွတ်တဲ့အခြေအနေတွေကြောင့် သေဆုံးတာတွေဖြစ်ခဲ့တယ်လို့ အထူးအစီရင်ခံစာတင်သွင်းသူက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။