Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ်အပေါ် ဖြတ်သုံးဖြတ် စဉ်ဆက်မပြတ်လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ကုလအထူးအစီရင်ခံစာတင်သွင်းသူ တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခံရသူ ၅,၀၀၀ ကျော်ကို ပြန်လွှတ်ပေးတဲ့အပေါ် ကြို ဆိုပေမယ့် ဖမ်းဆီးခံရသူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေကို ကျင့်သုံးရာမှာ တရားဥပဒေနဲ့မညီဘဲ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတာ သတိရနေဖို့ အရေးကြီးတယ်လို့ Tom Andrewsက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးခြင်းဟာ သဘောထားပြောင်းလဲလို့မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ဖိအားပေးမှုကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့် အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်တပ်ကို ငွေကြေးဖြတ်တောက်တာ၊ လက်နက်ဖြတ် တောက်တာနဲ့ တရား ဝင်မှုခွင့်မပြု(ဖြတ်တောက်)တာ စတဲ့လုပ်ဆောင်မှု သုံးခုဟာ မြန်မာပြည်သူလူထုကို အကောင်းဆုံးကူညီထောက် ပံ့မှုနည်းလမ်းတွေဖြစ်ပြီး အဲဒါတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်ဖို့ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrewsက တိုက်တွန်းပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခံရသူ ၅,၀၀၀ ကျော်ကို ပြန်လွှတ်ပေးတဲ့အပေါ် ကြို ဆိုပေမယ့် ဖမ်းဆီးခံရသူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေကို ကျင့်သုံးရာမှာ တရားဥပဒေနဲ့မညီဘဲ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတာ သတိရနေဖို့ အရေးကြီးတယ်လို့ Tom Andrewsက ပြောပါတယ်။

ဒီနေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအများစုဟာ ညှင်းပန်းနှိပ်စက်ခံရတာ၊ အချို့သေဆုံးသည်အထိဖြစ်တာ၊ အချို့လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတာ၊ အချို့ဟာ ကိုဗစ်-၁၉ ကူးစက်ခံရတာ၊ လူနေထူထပ်မှုနဲ့ကျန်းမာရေးမညီညွတ်တဲ့အခြေအနေတွေကြောင့် သေဆုံးတာတွေဖြစ်ခဲ့တယ်လို့ အထူးအစီရင်ခံစာတင်သွင်းသူက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။