NLDအစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများကို ပေးအပ်ထားသည့် အတိုးမဲ့ချေးငွေများကို လပေါင်း ၃၀အတွင်း အရစ်ကျ ပြန်ဆပ်ရမည်ဟု အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၁၈ရက်တွင် ထုတ်ပြန်သည်။
ထိုချေးငွေများကို ၂၀၂၁အောက်တိုဘာမှ စတင်ပြန် လည်ကောက်ယူရန် အကြမ်းဖက်စစ်ကောင်စီက စီစဉ်ထားပြီး ၂၀၂၄ မတ် ၁ရက်အထိ အရစ်ကျခွဲဆပ်ရမည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားသည်။
ထိုချေးငွေများကို ၂၀၂၁အောက်တိုဘာလမှ စတင်ပြီး အရစ်ကျဖြင့် လပေါင်း ၃၀ ခွဲဆပ်ရတော့မည်ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်သူအစိုးရပေးထားသည့် ချေးငွေကို ပြန်လည်ကောက်ခံမရှိကြောင်း CDM လုပ်ဆောင်နေသည့် အထက်တန်းပြကျောင်း ဆရာမတစ်ဦးက ပြောသည်။

Public Service Announcement
“စစ်တပ်မှာ ဘဏ္ဍာငွေ အခက်အခဲဖြစ်နေတယ်ထင်ပါ။ ဒါကြောင့် ရတဲ့နေရာက ငွေတွေ အတင်းကောက်နေတာ။ ဒီငွေတွေကလဲ ပြည်သူအစိုးရ ပေးထားတဲ့ငွေတွေဖြစ်လို့ အရပ်သားအစိုးရတက်လာမှ ပြန်ဆပ်ရမယ့်ငွေတွေပါ”ဟု ၎င်းက ပြောသည်။

ပြန်ဆပ်ရမည့် ချေးငွေများတွင် အနိမ့်ဆုံးအမူထမ်းမှာ ကျပ် ၂၈၈,၀၀၀ကျပ်မှ အမြင့်ဆုံးအရာရှိမှာ ၁၁သိန်းကျပ်အထိဖြစ်သည်။
အရပ်သားအစိုးရလက်ထက်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ကုစားနိုင်ရန် အမြဲတမ်းနိုင်ငံ ဝန်ထမ်းများကို ၂၀၂၀ စက်တင်ဘာလတွင် လစာနှစ်လစာ ကြိုတင်ထုတ်ပေးခဲ့သည်။ ချေးငွေကို ဆိုင်းငံ့ကာလ ၆သတ်မှတ်နှင့် ပြန်ဆပ်ကာလ ၁ နှစ်အဖြစ်အရပ်သားအစိုးရက သတ်မှတ်ခဲ့သည်။
အရပ်သားအစိုးရက ဝန်ကြီးဌာနပေါင်း၂၅ ခု မှ အစိုးရဝန်ထမ်းဦးရေသည် ၁ ဒသမ ၂ သန်းခန့် ကိုချေးငွေထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲတွင် အရာရှိ ၉,၇၀၀ ကျော်နှင့် အမှုထမ်း ၉၂၀၀၀၀ ကျော်ရှိသည်။


















































