Connect with us

Hi, what are you looking for?

News

ပေါင်းတည်တွင် စစ်ကောင်စီတပ်စခန်းချရာအိမ်ကို PPDF ဝင်တိုက်၊ စစ်သားငါးဦးသေဆုံး

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီအဖွဲ့ဝင် စစ်သားငါးဦးသေဆုံးခဲ့ကြောင်း PPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာရှိ စစ်ကောင်စီတပ်များစခန်းချထားသည့်နေအိမ်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ယနေ့(အောက်တိုဘာ၂၀)နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PPDFက သတင်းထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီအဖွဲ့ဝင် စစ်သားငါးဦးသေဆုံးခဲ့ကြောင်း PPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပစ်မှတ်များအား ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အကြမ်းဖက်စစ်ကောင်စီအား ခုခံစစ်ဆက်နွှဲလျက်ရှိရာ အောက်တိုဘာ ၁၁ ရက်မှ ၁၈ရက်အထိ စစ်ရေးပစ်မှတ် သုံးခု အုပ်ချုပ်ရေးပစ်မှတ် ၁၂ခု ရန်သူ့စီးပွားရေးပစ်မှတ် ခုနစ်ခုအပါအဝင် စုစုပေါင်းပစ်မှတ် ၂၂ ခုကို ခုခံတိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook