Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ကိုဗစ်လက်နက်နဲ့ ပြည်သူကို ထပ်သတ်လိမ့်ဦးမယ်လို့ NUG ကျန်းမာရေးဝန်ကြီးပြော

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးပေးရမယ့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ၃၆.၉ သန်း ရှိပြီးတော့ အောက်တိုဘာ ၁၆ ရက်အထိ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ စုစုပေါင်း ၄ သန်းကျော်ပဲ ရှိပါသေးတယ်။

စစ်ကောင်စီက ကိုဗစ်ကို လက်နှက်လိုသုံးနေတာဖြစ်ပြီး စတုတ္ထလှိုင်းကလည်း သူတို့ကြောင့်ပဲဖြစ်ဦးမယ်လို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလိုက်ပါတယ်။

“စတုတ္ထလှိုင်းကလည်း သူတို့ကြောင့်ဖြစ်ဦးမှာ။ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးတဲ့နှုန်းက နည်းပြီးတော့ အခုလိုမျိုး ကျောင်းတွေဖွင့် ရုပ်ရှင်တွေပြချင်တယ်ဆိုတာတွေ မပိုင်၊ မနိုင်တွေ လုပ်နေတာ သူတို့လုပ်နေတာ ဒီလက်နက်သုံးပြီး ပြည်သူတွေကို သတ်ဦးမယ့်သဘောပဲ” လို့ ဒေါက်တာဇောဝေစိုးက ပြောပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးပေးရမယ့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ၃၆.၉ သန်း ရှိပြီးတော့ အောက်တိုဘာ ၁၆ ရက်အထိ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ စုစုပေါင်း ၄ သန်းကျော်ပဲ ရှိပါသေးတယ်။

ကာကွယ်ဆေးထိုးနှံဖို့ WHO က အသိအမှတ်ပြုထားတဲ့ ၁၈ နှစ်အထက်လူဦးရေရဲ့ ၁၀ ရာခိုင် ရာခိုင်နှုန်းကျော်ကိုသာ ထိုးနှံပေးနိုင်သေးတာဖြစ်ပြီး တစ်ချိန်ထဲမှာပဲ အသက် ၁၂ အထက် ကျောင်းအပ်ထားပြီးစာရင်းရှိကလေးတွေကို စထိုးပေးနေပြီဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” ကျောင်းတွေမှာ စာရင်းရှိထဲက ကျောင်းအပ်နဲ့ ကျောင်းတက်မှာ ကျောင်းတက်ကိုပဲ ထိုးပေးတာပါ။ အပြင်းကျောင်းတွေမပါသေးပါဘူး။ လိုအပ်လို့ထိုးပေးတာထက် ကျောင်းတွေအမြန်ဖွင့်နိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာခင်ခင်ကြီးက ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
စစ်ကောင်စီက ကိုဗစ်လက်နက်နဲ့ ပြည်သူကို ထပ်သတ်ဦးမယ်လို့ NUG ကျန်းမာရေးဝန်ကြီးပြော

စစ်ကောင်စီက ကိုဗစ်ကို လက်နှက်လိုသုံးနေတာဖြစ်ပြီး စတုတ္ထလှိုင်းကလည်းလည်း သူတို့ကြောင့်ပဲဖြစ်ဦးမယ်လို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလိုက်ပါတယ်။

“စတုတ္ထလှိုင်းကလည်း သူတို့ကြောင့်ဖြစ်ဦးမှာ။ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးတဲ့နှုန်းက နည်းပြီးတော့ အခုလိုမျိုး ကျောင်းတွေဖွင့် ရုပ်ရှင်တွေပြချင်တယ်ဆိုတာတွေ မပိုင်၊ မနိုင်တွေ လုပ်နေတာ သူတို့လုပ်နေတာ ဒီလက်နက်သုံးပြီး ပြည်သူတွေကို သတ်ဦးမယ့်သဘောပဲ” လို့ ဒေါက်တာဇောဝေစိုးက ပြောပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးပေးရမယ့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ၃၆.၉ သန်း ရှိပြီးတော့ အောက်တိုဘာ ၁၆ ရက်အထိ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ စုစုပေါင်း ၄ သန်းကျော်ပဲ ရှိပါသေးတယ်။

ကာကွယ်ဆေးထိုးနှံဖို့ WHO က အသိအမှတ်ပြုထားတဲ့ ၁၈ နှစ်အထက်လူဦးရေရဲ့ ၁၀ ရာခိုင် ရာခိုင်နှုန်းကျော်ကိုသာ ထိုးနှံပေးနိုင်သေးတာဖြစ်ပြီး တစ်ချိန်ထဲမှာပဲ အသက် ၁၂ အထက် ကျောင်းအပ်ထားပြီးစာရင်းရှိကလေးတွေကို စထိုးပေးနေပြီဖြစ်ပါတယ်။

” ကျောင်းတွေမှာ စာရင်းရှိထဲက ကျောင်းအပ်နဲ့ ကျောင်းတက်မှာ ကျောင်းတက်ကိုပဲ ထိုးပေးတာပါ။ အပြင်းကျောင်းတွေမပါသေးပါဘူး။ လိုအပ်လို့ထိုးပေးတာထက် ကျောင်းတွေအမြန်ဖွင့်နိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာခင်ခင်ကြီးက ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ကိုဗစ်ရောဂါစစ်ဆေးတဲ့ နေ့စဥ်ထုတ်ပြန်ချက်တွေအရတော့ လူနာသစ်တွေ့ရှိမှုက တစ်ထောင်အောက်ရောက်သွားပြီဖြစ်ပြီး သေဆုံးမှုကတော့ တစ်ရက်ကို ၂၀ အထက်ရှိနေပါသေးတယ်။ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနစာရင်းကတော့ သူတို့ဆီလာရောက်စစ်ဆေး၊ ကုသမှုခံသူတွေပဲ ကောက်ယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

ဆောင်းပါး

အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီပူပူ တစ်ခွက်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးထွေးစေသလို သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က နိုင်ငံတကာ ကင်ဆာသုတေသနဂျာနယ် (International Journal of Cancer) မှာ ဖော်ပြခဲ့တဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook