Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရ

မုံရွာအခြေစိုက် PDFစခန်းအချို့ စစ်ကောင်စီဝင်ရောက်ဖျက်ဆီးမှုသတင်းများလည်း ထွက်ပေါ်နေပြီး PDF-South Monywaကမူ အဆိုပါသတင်းများနှင့်ပတ်သက်၍ လက်တလောသတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် စစ်ကောင်စီသတင်းပေးအမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၁ ရက်) နံနက်ပိုင်းက မုံရွာမြို့နယ် ကြေးမုံကျေးရွာတွင်နေထိုင်သော စစ်ကောင်စီသတင်းပေးကျော်ဆန်းဦးဆိုသူအား PDF-South Monywaနှင့် Monywa Heroes Groupတို့ပူးပေါင်းပြီး ရှင်းလင်းလိုက်ကြောင်း အဆိုပါအဖွဲ့များက အသိပေးသည်။

မုံရွာမြို့နယ်နှင့် မြန်မာပြည်ဒေသအသီးသီးရှိ စစ်ကောင်စီသတင်းပေးများ ဓမ္မဘက်သို့အချိန်မီကူးပြောင်းရန်နှင့် တိုင်းပြည်နှင့်ပြည်သူ လုံခြုံအေးချမ်းရေးအတွက် လုပ်စရာရှိသည်များကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည်ဟု PDF-South Monywaက သတိပေးထားသည်။

မုံရွာအခြေစိုက် PDFစခန်းအချို့ စစ်ကောင်စီဝင်ရောက်ဖျက်ဆီးမှုသတင်းများလည်း ထွက်ပေါ်နေပြီး PDF-South Monywaကမူ အဆိုပါသတင်းများနှင့်ပတ်သက်၍ လက်တလောသတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ဖြေကြားသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းက အရာတော်မြို့နယ်ရှိ PDFစခန်းတစ်ခု အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်ခဲ့သည့်အခြေအနေကြောင့် မုံရွာ-အရာတော်လမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။