Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာတွင် စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရ

မုံရွာအခြေစိုက် PDFစခန်းအချို့ စစ်ကောင်စီဝင်ရောက်ဖျက်ဆီးမှုသတင်းများလည်း ထွက်ပေါ်နေပြီး PDF-South Monywaကမူ အဆိုပါသတင်းများနှင့်ပတ်သက်၍ လက်တလောသတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် စစ်ကောင်စီသတင်းပေးအမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၁ ရက်) နံနက်ပိုင်းက မုံရွာမြို့နယ် ကြေးမုံကျေးရွာတွင်နေထိုင်သော စစ်ကောင်စီသတင်းပေးကျော်ဆန်းဦးဆိုသူအား PDF-South Monywaနှင့် Monywa Heroes Groupတို့ပူးပေါင်းပြီး ရှင်းလင်းလိုက်ကြောင်း အဆိုပါအဖွဲ့များက အသိပေးသည်။

မုံရွာမြို့နယ်နှင့် မြန်မာပြည်ဒေသအသီးသီးရှိ စစ်ကောင်စီသတင်းပေးများ ဓမ္မဘက်သို့အချိန်မီကူးပြောင်းရန်နှင့် တိုင်းပြည်နှင့်ပြည်သူ လုံခြုံအေးချမ်းရေးအတွက် လုပ်စရာရှိသည်များကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည်ဟု PDF-South Monywaက သတိပေးထားသည်။

မုံရွာအခြေစိုက် PDFစခန်းအချို့ စစ်ကောင်စီဝင်ရောက်ဖျက်ဆီးမှုသတင်းများလည်း ထွက်ပေါ်နေပြီး PDF-South Monywaကမူ အဆိုပါသတင်းများနှင့်ပတ်သက်၍ လက်တလောသတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ဖြေကြားသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းက အရာတော်မြို့နယ်ရှိ PDFစခန်းတစ်ခု အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်ခဲ့သည့်အခြေအနေကြောင့် မုံရွာ-အရာတော်လမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။