Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်မြို့ (၄၈)လမ်းကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရမှု ကျပ်သိန်း ၃၀၀၀ခန့်ပါသွားဟုဆို

ဖေဖော်ဝါရီ ၁ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်ဓားပြတိုက်မှုများ လေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ရာ ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲလည်းပါဝင်ခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ကမ္ဘောဇဘဏ်ခွဲများဓားပြတိုက်ခံရမှု နှစ်ကြိမ်ရှိပြီ ဖြစ်သည်။

ဓာတ်ပုံ - ခင်မောင်ဝင်း(ရွှေအင်းသား)

ရန်ကုန်မြို့ (၄၇)လမ်းနှင့် (၄၈)လမ်းကြား မဟာဗန္ဓုလလမ်းပေါ် မှ Urban Asia အဆောက်အအုံရှိ ကမ္ဘောဇဘဏ်ခွဲတွင် ယနေ့နေ့လည်ပိုင်းက ဓားပြတိုက်ခံသည်။

မျက်နှာဖုံးစွပ်ထားသူငါးဦးထက်မနည်းက ဘဏ်အတွင်းဝင်ရောက်ကာ ဓားပြတိုက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် ကျပ်သိန်း ၃၀၀၀ ခန့်ပါသွားကြောင်း ကျောက်တံတားမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဓါးပြတိုက်ခံရသောဘဏ်သည် ဗိုလ်တထောင်မြို့နယ်ရဲစခန်းအနီးတွင်ရှိသဖြင့် နေခင်းကြောင်တောင် မြို့လယ် တွင် ရဲစခန်းအနီးရှိဘဏ်ကိုဓါးပြတိုက်ခြင်းအပေါ် ပြည်သူများက အံသြပြီးထင်မြင်ချက်အမျိုးမျိုးပေးနေကြသည်။

ဗိုလ်တထောင်မြို့နယ်နေ ပြည်သူတစ်ဦးကလည်း”ဓားပြတိုက်ခံရတယ် ဆိုတာ ဟုတ်တယ်။ လူတစ်စု လာတိုက်တယ်လို့ပဲ လတ်တလော သိရတယ်။ ဝန်ထမ်းတွေရဲ့ ဖုန်းတွေသိမ်းပြီး ဘဏ်တံခါးကို ပိတ်ပြီး တိုက်သွားတယ်လို့တော့ ကြားတယ်။ တစ်ဦးတစ်ယောက်မှတော့ ထိခိုက်ဒဏ်ရာ ရတဲ့ပုံ မတွေ့ရဘူး။ ငွေဘယ်လောက်ပါသွားတယ် ဆိုတာလည်း သေချာတော့ မသိရသေးပါဘူး ” ဟု ပြောသည်။

Public Service Announcement

အဆိုပါ ဓားမြ တိုက်ခံရမှု ဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘဏ်အနီးလမ်းတစ်ခြမ်းပိတ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗန္ဓုလတံတားပေါ်နှင့် တံတားအဆင်း ၌လည်း လက်နက်အပြည့်အစုံဖြင့် ကားလမ်းကိုပိတ်၍ စစ်ဆေးနေကြောင်း ပြည်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်ဓားပြတိုက်မှုများ လေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ရာ ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲလည်းပါဝင်ခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ကမ္ဘောဇဘဏ်ခွဲများဓားပြတိုက်ခံရမှု နှစ်ကြိမ်ရှိပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

မေးမြန်းခန်း

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။

သတင်း

War Lord Defense Force ၊ Guardian Force SBDF B-4 C-1၊ ရွှေဘိုမြို့ပြပျောက်ကျား UGတပ်ဖွဲ့ နှင့် ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်သော ဘီလူးညီနောင် နယ်မြေခံ(ပကဖ) တို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။