Connect with us

Hi, what are you looking for?

News

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဆီ နက်နက်ရှိုင်းရှိုင်းဦးတည်နေတာကို ကုလအထူးကိုယ်စားလှယ် စိုးရိမ်

နယူးယောက်ရှိ ကုလသမဂ္ဂကနေပြုလုပ်တဲ့ အထူးကိုယ်စားလှယ်ရဲ့သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံအနှံ့ အပြားက အကြမ်းဖက်မှုတွေနဲ့ စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ လက်နက်ကိုင်သည် အထိ အရှိန်မြင့်တက်လာတာကို Christine Schraner Burgener က ထည့်သွင်း ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုဟာ အချိန်တိုအတွင်းပြီးဆုံးသွားမှာမဟုတ်ဘဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဆီနက်နက်ရှိုင်းရှိုင်းဦးတည်နေတာကို စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။

နယူးယောက်ရှိ ကုလသမဂ္ဂကနေပြုလုပ်တဲ့ အထူးကိုယ်စားလှယ်ရဲ့သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံအနှံ့ အပြားက အကြမ်းဖက်မှုတွေနဲ့ စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ လက်နက်ကိုင်သည် အထိ အရှိန်မြင့်တက်လာတာကို Christine Schraner Burgener က ထည့်သွင်း ပြောကြားပါတယ်။

“ပြည်သူတွေက စစ်တပ်ကို လက်မခံပါဘူး။ ပြည်သူတွေက အရှုံးပေးမှာမဟုတ်ဘဲ ဆက်လက် ခုခံပါလိမ့်မယ်။ သူတို့ဟာ လုပ်ငန်းခွင်ကိုလည်း မပြန်ပါဘူး။ သူတို့ဟာ အကြမ်းဖက်မှုတွေကို ဆက်လက်အသုံးပြုပါလိမ့်မယ်”လို့ အထူးကိုယ်စားလှယ် Schraner Burgener က ပြောပါတယ်။

အထူးကိုယ်စားလှယ်ဟာ မြန်မာစစ်တပ်က ဆန့်ကျင်သူတွေအပေါ် ရက်စက်တဲ့ဖိနှိပ်မှုတွေကို သာမက ပြည်တွင်းနေရပ်စွန့်ခွာသူအရေအတွက်မြင့်တက်လာတာ၊ ဘဏ်နဲ့ ကျန်းမာရေးကုသမှု စနစ်တွေ ပြိုလဲမှုတွေကိုလည်း ရှင်းလင်းပွဲမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်တပ်အုပ်ချုပ်သူတွေကို လက်ခံတဲ့သဘောသက် ရောက်တဲ့ အချက်ပြမှုတွေ မလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ Schraner Burgenerက သတိပေးပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အခုထိနှောင့်နှေးနေတဲ့ အရေးယူမှုကို အရေးပေါ်လုပ်ဆောင်ဖို့လိုအပ်ကြောင်းလည်း အထူးကိုယ်စားလှယ်က ထောက်ပြပါတယ်။

ဆွစ်ဇာလန်သံတမန် Schraner Burgener ဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၈ ဧပြီမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာခင်မှာ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။