Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးမောက်နှင့် တနိုင်းတွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

KIA တပ်မဟာ(၂) တပ်ရင်း (၄၅) နယ်မြေ တနိုင်းမြို့နယ် ရှင်ဗွေယန်ဒေသတွင် အောက်တိုဘာ ၂၂ရက် မနက် ၉နာရီခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့(အောက်တိုဘာ ၂၂)နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၂) တပ်ရင်း (၄၅) နယ်မြေ တနိုင်းမြို့နယ် ရှင်ဗွေယန်ဒေသတွင် အောက်တိုဘာ ၂၂ရက် မနက် ၉နာရီခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အင်အား ၅၀ ခန့်ရှိ အာဏာသိမ်းတပ်ဖွဲ့များသည် တနိုင်းဘက်မှ စစ်ကားများဖြင့် တက်လာပြီး တရုန်ဘက်သို့ ခြေလျင်ဖြင့် ခရီးဆက်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၅) နယ်မြေသို့လည်း အာဏာသိမ်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလာ၍ ယနေ့နံနက်ပိုင်းတွင် မိုးမောက်နှင့် ကျောက်စခန်းကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အင်အား ၆၀ခန့်ရှိ အာဏာသိမ်းတပ်ဖွဲ့များက လော့ဒန်မှ ဆင်းလာချိန် KIAမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အာဏာသိမ်းတပ်ဖွဲ့များကလည်း တိုက်ပွဲဖြစ်ပွားရာကျောက်စခန်းအနီးပတ်ဝန်းကျင်သို့ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများကို အသေးစိတ်ရှာဖွေစစ်ဆေး ခြင်းများပြုလုပ်နေ ကြောင်းကြားသိရသည်ဟုလည်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။