Connect with us

Hi, what are you looking for?

News

မိုးမောက်နှင့် တနိုင်းတွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

KIA တပ်မဟာ(၂) တပ်ရင်း (၄၅) နယ်မြေ တနိုင်းမြို့နယ် ရှင်ဗွေယန်ဒေသတွင် အောက်တိုဘာ ၂၂ရက် မနက် ၉နာရီခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့(အောက်တိုဘာ ၂၂)နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၂) တပ်ရင်း (၄၅) နယ်မြေ တနိုင်းမြို့နယ် ရှင်ဗွေယန်ဒေသတွင် အောက်တိုဘာ ၂၂ရက် မနက် ၉နာရီခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အင်အား ၅၀ ခန့်ရှိ အာဏာသိမ်းတပ်ဖွဲ့များသည် တနိုင်းဘက်မှ စစ်ကားများဖြင့် တက်လာပြီး တရုန်ဘက်သို့ ခြေလျင်ဖြင့် ခရီးဆက်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၅) နယ်မြေသို့လည်း အာဏာသိမ်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလာ၍ ယနေ့နံနက်ပိုင်းတွင် မိုးမောက်နှင့် ကျောက်စခန်းကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အင်အား ၆၀ခန့်ရှိ အာဏာသိမ်းတပ်ဖွဲ့များက လော့ဒန်မှ ဆင်းလာချိန် KIAမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အာဏာသိမ်းတပ်ဖွဲ့များကလည်း တိုက်ပွဲဖြစ်ပွားရာကျောက်စခန်းအနီးပတ်ဝန်းကျင်သို့ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများကို အသေးစိတ်ရှာဖွေစစ်ဆေး ခြင်းများပြုလုပ်နေ ကြောင်းကြားသိရသည်ဟုလည်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။