Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီသတင်း​ပေးဒလန်​ခြောက်ဦးအားဖမ်းဆီးပြီး ဒလန်အကြီးစား ၃ ဦးကို သုတ်သင်လိုက်​ကြောင်းCDFမတူပီထုတ်ပြန်

စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူများ၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ထိခိုက်နစ်နာစေသည့် ပြည်သူ့သစ္စာဖောက်ဒလန်လောက်ကောက်များအား ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ဆက်လက်သတိပေး ထားသည်။

မတူပီမြို့မှ စစ်ကောင်စီသတင်းပေးဒလန် ခြောက်ဦးအား ဖမ်းဆီးစစ်ဆေးပြီးနောက် ယင်းတို့အထဲမှ အကြီးစားဒလန် သုံးဦးကို သုတ်သင်လိုက်​ကြောင်းချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့( CDF Matupi )က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုကို ဒုက္ခပေးနေသူ ခြောက်ဦးကို စက်တင်ဘာ ၁၆ ရက်တွင် CDF မတူပီကဖမ်းဆီးခဲ့ပြီး ဆယ်ရက်ကြာစစ်ဆေးအတည်ပြုပြီးနောက် သုံးဦးမှာဒလန်အကြီးစားဖြစ်​နေ​သော​ကြောင့် သတ်လိုက်ပြီး ၊ကျန်သုံးမှာကို ပညာ​ပေး၍ ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

CDF မတူပီ ၏ အောက်တိုဘာ ၂၂ရက် က သတင်းထုတ်ပြန်ချက်တွင် ” စစ်ဆေးမေးမြန်းပြီးသည့်နောက်ပိုင်း အဖက်ဖက်မှ စုံစမ်းအတည်ပြုချက်အရ အဆိုပါ လူပုဂ္ဂိုလ်(၆)ဦးအနက် (၃)ဦးမှာ အနီရောင်အဆင့်အကြီးစားဒလန်များ ဖြစ်သောကြောင့် (၂၆)ရက်နေ့တွင် မိမိတို့ CDF မတူပီမှ သုတ်သင်ရှင်းလင်းခဲ့ပြီး ကျန်(၃)ဦးအား ၂၀၂၁ အောက်တိုဘာ( ၇) ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်” ဟု ဖော်ပြထားသည်။

စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူများ၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ထိခိုက်နစ်နာစေသည့် ပြည်သူ့သစ္စာဖောက်ဒလန်လောက်ကောက်များအား ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ဆက်လက်သတိပေး ထားသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်သည် စစ်ကောင်စီအား တစ်ပြည်နယ်လုံးအတိုင်းအတာအားဖြင့် ခုခံတော်လှန်နေပြီး ချင်းအမျိုးသားတပ်ဦး CNFနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် CDFက တော်လှန်ရေးကို လက်တွဲညီညီ ဦးဆောင်နေသည်။ ချင်းတောင်တန်းဒေသခုခံစစ်ပွဲတွင် စစ်ကောင်စီအထိနာနေသလို ရှုံးမဲမဲနေသည် မင်းအောင်လှိုင်က ချင်းပြည်နယ်ကို အညိုးအတေးဖြင့် ဖိနှိပ်နေသည်ဟု ချင်း​အရပ်ဘက်အရေးဆောင်ရွက်သူများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Facebook