Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်အတွင်း ပြည်သူများ လမ်းအသုံးမပြုကြရန်​ဒေသခံ PDF အသိပေး

“ခရီးသွားပြည်သူများနှင့် မိဘပြည်သူများအားလုံး ဝက်လက်မြို့နယ်အတွင်းရှိမည်သည့်လမ်းကိုမှ အတတ်နိုင်ဆုံးမသွားလာကြရန်အသိပေးအကြောင်းကြားအပ်ပါသည်”ဟု ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ဝက်လက်မြို့နယ်အတွင်း မည်သည့်လမ်းကိုမှ အတတ်နိုင်ဆုံးမသွားလာကြရန် ဝက်လက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြို့နယ်သတင်းပြန်ကြားရေးက ယနေ့(​အောက်တိုဘာ၂၅) ထုတ်ပြန် သည်။

“ခရီးသွားပြည်သူများနှင့် မိဘပြည်သူများအားလုံး ဝက်လက်မြို့နယ်အတွင်းရှိမည်သည့်လမ်းကိုမှ အတတ်နိုင်ဆုံးမသွားလာကြရန်အသိပေးအကြောင်းကြားအပ်ပါသည်”ဟု ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

ဒေသတွင်း လိုအပ်ချက်အခြေအနေ​ကြောင့် ထိုကဲ့သို့ကြိုတင်အသိပေးမေတ္တာရပ်ခံခြင်းဟု နားလည်ကြောင်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ဝက်လက်မြို့ခံတစ်ဦးကပြောသည်။

ဝက်လက်မြို့အပါအဝင် စစ်ကိုင်းတိုင်းသည် စစ်ကောင် စီအား ခုခံစစ်ပွဲ အရှိန်မြင့်နေပြီး စစ်ကောင်စီအထိနာနေသည့် ဒေသဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်းအား ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုကို တုန့်ပြန်နိုင်ရေးနှင့် အရပ်သားများ ထိခိုက်မှုနည်းပါးစေရေး အစီ အမံများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့် စစ်ကိုင်းတိုင်းအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအွန်လိုင်းမှတစ်ဆင့် ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။