Connect with us

Hi, what are you looking for?

News

ဆောင်းဦးလှိုင်တစ်ကိုယ်တော်ပွဲတွေကနေ ရန်ပုံငွေ ကန်ဒေါ်လာ ခြောက်သိန်းကျော်ရတယ်လို့ဆို

ဆောင်းဦးရဲ့နွေဦးတော်လှန်ရေးရံပုံငွေရှာဖွေပွဲ အမည်ဖြင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို ဩဂုတ်လကုန်ပိုင်းမှစတင်၍ အမေရိကန်နိုင်ငံရှိ မြို့များတွင် လှည့်လည်ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။

မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေ အတွက်ပြုလုပ်သည့် တစ်ကိုယ်တော်ပွဲများမှ အလှူငွေ ဒေါ်လာ ၆၃၀၀၀၀ ကျော်ရရှိခဲ့ကြောင်း အဆိုတော် ဆောင်းဦးလှိုင်၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဆောင်းဦးရဲ့နွေဦးတော်လှန်ရေးရံပုံငွေရှာဖွေပွဲ အမည်ဖြင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို ဩဂုတ်လကုန်ပိုင်းမှစတင်၍ အမေရိကန်နိုင်ငံရှိ မြို့များတွင် လှည့်လည်ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးပွဲကို အောက်တိုဘာ ၂၃ ရက်က Dallas,Texas ၌ ပြုလုပ်ခဲ့ပြီး ပွဲဆယ်ပွဲအနက် ရန်ပုံငွေ အများဆုံးရရှိခဲ့သည်ဟု ဆိုသည်။

ဖျော်ဖြေပွဲများမှ ရရှိသည့် လက်မှတ်ခများအပါအဝင် အမှတ်တရပစ္စည်းများရောင်းချခြင်းနှင့် ပရိသတ်များက ချီးမြှင့်သည့်ဆုကြေးများအားလုံးကို လှူဒါန်းခြင်း ဖြစ်ကြောင်း ပွဲတစ်ပွဲခြင်း၏ အလှူငွေရရှိမှုစာရင်းများကို ဆောင်းဦးလှိုင်ကရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖျော်ဖြေပွဲများအပြင် ပွဲလုပ်ရန် ကမ်းလှမ်းမှူများရှိသော်လည်း အမေရိကန်နိုင်ငံ၏ ဆောင်းတွင်းဒဏ်ကို မခံစားနိူင်သောကြောင့် ဆောင်းရာသီပြီးဆုံးချိန်မှသာ ပြန်လည်၍ ဖျော်ဖြေပွဲများပြုလုပ်မည်ဟု ဆောင်းဦးလှိုင်ကရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists' Shelter က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

သဘောမကျတဲ့သူက နယူးယောက် မြို့တော်ဝန် ဖြစ်လာမယ်ဆိုရင် ဖက်ဒရယ် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေကို လျှော့ချပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌအား အဖွဲ့​၏စည်းမျဉ်းဥပဒေချိုးဖောက်သည့်အတွက် တာဝန်မှထုတ်ပယ်လိုက်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။

သတင်း

စစ်ကောင်စီ​၏ လျှပ်စစ်ကားတင်သွင်းခွင့် မက်လုံးပေးမှုမှာ ယုတ်တိမဆန်ဘဲ သင်္ဘောသားများပင် ထိုကဲ့သို့သော လစာမရရှိဟု ဆိုသည်။