Connect with us

Hi, what are you looking for?

သတင်း

ရန်ပုံငွေပိုရခဲ့တဲ့ မင်းမော်ကွန်းရဲ့ မွေးနေ့လက်ဆောင်ကမ်ပိန်း

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists’ Shelter က ထုတ်ပြန်ပါတယ်။

မတ်-၃၊၂၀၂၆။ဆဏ်း/People’s Spring

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists’ Shelter က ထုတ်ပြန်ပါတယ်။

“ကိုကျော့်ကို ချစ်ခင်လေးစားကြတဲ့ ပရိသတ်ပြည်သူများရဲ့ အားပါးတရ ပါဝင်မှုကြောင့် ဒီကမ်ပိန်းကနေ မျှော်ရည်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး (၁၂၃%) အထိ ကောက်ခံရရှိခဲ့ပါတယ်။” လို့ ကြေညာထားပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မွေးနေ့ရှင် မင်းမော်ကွန်းက သူ့ရဲ့မွေးနေ့ အမှတ်တရအနေနဲ့ နွေဦးတော်လှန်ရေးမှာ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတု၊လက်တုတွေ ကူညီပေးနိုင်ဖို့ ဒီကမ်ပိန်းကို ပြုလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ဒါဏ်ရာရရဲဘော်များခြေတုလက်တုတပ်ဆင်နိုင်ရေးကမ်ပိန်းအောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကပါဝင်ကူညီခဲ့ကြတဲ့မိတ်ဆွေများ၊ပြည်သူများ၊နိုင်ငံတကာ FR များ၊အနုပညာရှင်များ၊ ရဲဘော်ရဲဘက်များ၊သူငယ်ချင်းများ၊မိသားစုများ၊ချစ်သူခင်သူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်မျာ” လို့ မင်းမော်ကွန်းကလည်းရေးသားထားတာပါ။

ကမ်ပိန်းကနေ ငွေကျပ်သိန်း ငါးထောင်ရရှိဖို့ မျှော်မှန်းခဲ့ပြီး ဒီ‌ပမာဏက ရဲဘော် ၁၅၀ လောက်ကို ခြေတုလက်တု တပ်ဆင်ပေးနိုင်မယ်လို့ မင်းမော်ကွန်းကပြောထားပါတယ်။

လက်ရှိမှာတော့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅၃,၃၃၅ ရရှိခဲ့ပြီး ရန်ပုံငွေအားလုံးကို စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ရင်း ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတုလက်တု တပ်ဆင်ဖို့သက်ဆိုင်တဲ့ အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေပြီလို့ Artists’ Shelter က အသိပေးထားပါတယ်။

ဒီကမ်ပိန်းကို ပါဝင်ကူညီခဲ့သူတွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ မင်းမော်ကွန်းကိုယ်တိုင် ရိုက်ကူးထားတဲ့ The Rubbish ဇာတ်လမ်းတို ရုပ်ရှင်ကို 24 FM ဝက်ဆိုက်ဒ် ကနေ အခမဲ့ ပြသပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ မင်းမော်ကွန်းရဲ့ မွေးနေ့လက်ဆောင် ကမ်ပိန်းက ရရှိငွေတွေနဲ့ ရဲဘော် တစ်ရာကျော်အတွက် ခြေတုတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ Artists' Shelter က အသိပေးထားပါတယ်။

သတင်း

ဩစတေးလျနိုင်ငံ ဆစ်ဒနီမှာ ပွဲဦးထွက်ပြသခဲ့တဲ့ တော်လှန်ရုပ်ရှင် RAY ဇာတ်ကားကို ပရိသတ်အားပေးမှု များပြားခဲ့တယ်လို့ သွားရောက်ကြည့်ရှူသူတွေကပြောပါတယ်။

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

ရုပ်ရှင်အစည်းအရုံးတည်ထောင်တဲ့ နှစ်(၈၀) ပြည့်အထိမ်းအမှတ် နှင်းဆီအဖွဲ့ရဲ့ ‌ဖျော်ဖြေပွဲက စစ်ကောင်စီဘက်က ဖိအားတွေကြောင့် လုပ်တာမဟုတ်ပဲ အဖွဲ့သားတွေကိုယ်တိုင် တတ်တတ်ကြွကြွလုပ်ဆောင်နေတာဖြစ်တယ်လို့ ရုပ်ရှင်လောကက သတင်းရင်းမြစ်က ပြောပါတယ်။

Facebook