သတိုး/People’s Spring
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌအား အဖွဲ့၏စည်းမျဉ်းဥပဒေချိုးဖောက်သည့်အတွက် တာဝန်မှထုတ်ပယ်လိုက်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။
ဥက္ကဌတာဝန်ယူထားသော ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ်၏ ဘဏ္ဍာငွေရှာဖွေရန် ရည်ရွယ်ချက်ဖြင့် KTVလုပ်ငန်းဖွင့်လှစ်ရန် ကြိုးပမ်းသည်ကို စစ်ဆေးတွေ့ရှိသောကြောင့် အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့်အတွက် ရာထူးမှ ထုတ်ပယ်ခြင်းဖြစ်သည်ဟု ဇန်နဝါရီ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
ကိုအောင်ပြည့်စုံဖြိုးလုပ်ဆောင်ခဲ့သော KTV လုပ်ငန်းနှင့် ဆက်လက်ပတ်သက်မည်မဟုတ်ပဲ ယင်းလုပ်ငန်းမှ ရရှိမည့်ငွေကြေးအကျိုးအမြတ် များကိုလည်း ဗကသဘဏ္ဍာငွေအဖြစ်အသုံးမပြုရန် ဗဟိုအမှုဆောင်အဖွဲ့က ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် ယင်းကိစ္စ၌ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏ္ဏအောင်ကိုလည်း ရာထူးမှ ထုတ်ပယ်ကြောင်း အသိပေးထားသည်။