Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်တွင် စစ်​ကောင်စီ၏ စစ်​ရေယာဥ်တန်းကို ​ဒေသခံ PDF သုံးဖွဲ့ပူး​ပေါင်းတိုက်ခိုက်

မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကြမ်း ဖက်စစ်ကောင်စီဘက်မှ အရေအတွက်အများအပြား ပြင်းထန်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထဲမှာ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရပြီးမစိုးရိမ်ရကြောင်း MPDFက ​ပြောသည်။

(အောက်တိုဘာ ၂၆ရက်က ချင်းတွင်းမြစ်အတွင်းတွေ့ရသည့် အာဏာသိမ်းစစ်​ကောင်စီတပ်၏စစ်ရေယာဥ်တစ်စီ ၊ ဓာတ်ပုံ - CJ)

မုံရွာမြို့နယ် ချင်းတွင်းမြစ်ရိုးတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေယာဥ်တန်းအား ကနီ၊ မုံရွာနှင့် ချောင်းဦးမြို့နယ်များရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သုံးဖွဲ့ ပူးပေါင်းကာ ခတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များကသတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ၂၆ ရက်)နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ၏ Speed Boatတစ်စီး၊ ရိက္ခာတင်ဖလက်တစ်စီးနှင့် အမြန်ရေယာဥ်တစ်စီးတို့ပါဝင်သော စစ်ရေယာဥ်အုပ်စုသည် မုံရွာ-အလုံ-မင်းဒေါင့်မှ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဆန်တက်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင်ကနီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF နှင့် မဟာမိတ် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF တို့က စစ်ရေယာဥ်တန်းအား ချင်းတွင်းမြစ်ဝှမ်း နေရာ ၈ နေရာမှ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ခုခံတိုက်ပွဲဆင်နွှဲခဲ့ကြကြောင်း MPDFက ထုတ်ပြန်သည်။

မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကြမ်း ဖက်စစ်ကောင်စီဘက်မှ အရေအတွက်အများအပြား ပြင်းထန်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထဲမှာ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရပြီးမစိုးရိမ်ရကြောင်း MPDFက ​ပြောသည်။

ချင်းတွင်းမြစ်ကမ်းဘေး ညောင်သူများရွာအတွင်း စစ်ကောင်စီဘက်မှပစ်လိုက်သော လက်နက်ကြီးထိမှန်၍ နေအိမ်(၁)လုံးနှင့် နွားတစ်ကောင် ထိမှန်ကြောင်း၊ စစ်ကောင်စီဘက်မှ စက်လက်တပ်ဆင်ထားသော Speed boat သည် ဒေသခံPDFမှ ပစ်လွှတ်လိုက်သော လက်နက်ကြီး ထိမှန်၍ ရမ်းခါလျက် တာဝေးပစ်ဆုံလည် စက်လက်သည် ချင်းတွင်းမြစ်အတွင်း ပြုတ်ကျသွားသဖြင့် ရွှေစာရေးအထက် လိုက်ပါနိုင်ခြင်းမရှိပဲ ချက်ခြင်း ပြန်လှည့်သွားကြောင်း၊ ကနီအောက်ဖက်တွင် နေရာခပ်စိပ်စိပ် ရွာစဉ်ထိုး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နတ်ကြီးရွာအနီး ပစ်ခတ်မှုတွင် နတ်ကြီးရွာပေါ်သို့ လက်နက်ကြီးကျရောက်မှုကြောင့်နေအိမ်သုံးလုံး အမိုးများပျက်စီးကြောင်း သင်္ဂတုံချောင်းရိုးသတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDFသည် မုံရွာမြို့နယ်အတွင်း ပြောက်ကျားတိုက်ပွဲများ ဆင်နွှဲလျက်ရှိသည့်အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ခုခံတော်လှန်စစ် ဆင်နွှဲနေသည်။ အကြမ်းဖက်စစ်ကောင်စီ အလုံးစုံပျက်
သုဥ်းရေး၊ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေး ရဲရဲဝင့်ဝင့်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်းမုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook