Connect with us

Hi, what are you looking for?

News

မြန်မာဦးဆောင်တင်သွင်းတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာအဆို ကုလသမဂ္ဂအတည်ပြု

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီအဆို မူကြမ်းကို တင်သွင်းခဲ့တာ ဖြစ်ပြီး ထောက်ခံမဲ ၁၁၉ ၊ ကန့်ကွက်မဲ ၄၁၊ ကြားနေမဲ ၂၃ နဲ့ အတည် ပြုခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံဦးဆောင်တင်သွင်းတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို အတည်ပြုခဲ့တယ်လို့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲ တမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီအဆို မူကြမ်းကို တင်သွင်းခဲ့တာ ဖြစ်ပြီး ထောက်ခံမဲ ၁၁၉ ၊ ကန့်ကွက်မဲ ၄၁၊ ကြားနေမဲ ၂၃ နဲ့ အတည် ပြုခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၅ ခုနှစ်ကစလို့ သဘောထားတူညီတဲ့နိုင်ငံတွေနဲ့အတူ နျူကလီးယား လက်နက်ဖျက်သိမ်းရေးခေါင်းစဉ်နဲ့ အဆိုမူကြမ်းကို နှစ်စဉ်တင်သွင်းခဲ့ပြီး အခုအဆိုမူကြမ်းဟာ မနှစ်က အဆိုမူကြမ်းအပေါ် technical update နဲ့ factual update သာ ပြုလုပ်ထားတာဖြစ် တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီမှာ ပြောပါတယ်။

အဆိုမူကြမ်းမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာ နျူကလီးယား လက်နက်ဖျက် သိမ်းရေးကို သတ်မှတ်ထားတဲ့အချိန်အတွင်း ဖျက်သိမ်းဖို့၊ နျူကလီးယားလက်နက်ကင်းမဲ့ဇုံတွေ တည်ထောင်ဖို့၊ နျူကလီးယားလက်နက်များ အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ရေးအတွက် ဆောင်ရွက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နျူကလီးယားလက်နက်များ လျှော့ချရေးကို ဆက်လက်ဆောင်ရွက်ဖို့၊ နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ကွန်ဗင်းရှင်း တစ်ခုပေါ်ပေါက်ရေးအတွက် လက်နက်ဖျက်သိမ်းရေးညီလာခံမှာ ဆွေးနွေးဖို့နဲ့ Comprehensive Test Ban Treaty (CTBT) အာဏာသက်ဝင်ရေးအတွက် ဆောင်ရွက်ဖို့ စသည့် အချက်တွေကို အဆိုမူကြမ်းမှာထည့်သွင်းထားပါ တယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။