Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာဦးဆောင်တင်သွင်းတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာအဆို ကုလသမဂ္ဂအတည်ပြု

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီအဆို မူကြမ်းကို တင်သွင်းခဲ့တာ ဖြစ်ပြီး ထောက်ခံမဲ ၁၁၉ ၊ ကန့်ကွက်မဲ ၄၁၊ ကြားနေမဲ ၂၃ နဲ့ အတည် ပြုခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံဦးဆောင်တင်သွင်းတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို အတည်ပြုခဲ့တယ်လို့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲ တမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီအဆို မူကြမ်းကို တင်သွင်းခဲ့တာ ဖြစ်ပြီး ထောက်ခံမဲ ၁၁၉ ၊ ကန့်ကွက်မဲ ၄၁၊ ကြားနေမဲ ၂၃ နဲ့ အတည် ပြုခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၅ ခုနှစ်ကစလို့ သဘောထားတူညီတဲ့နိုင်ငံတွေနဲ့အတူ နျူကလီးယား လက်နက်ဖျက်သိမ်းရေးခေါင်းစဉ်နဲ့ အဆိုမူကြမ်းကို နှစ်စဉ်တင်သွင်းခဲ့ပြီး အခုအဆိုမူကြမ်းဟာ မနှစ်က အဆိုမူကြမ်းအပေါ် technical update နဲ့ factual update သာ ပြုလုပ်ထားတာဖြစ် တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီမှာ ပြောပါတယ်။

အဆိုမူကြမ်းမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာ နျူကလီးယား လက်နက်ဖျက် သိမ်းရေးကို သတ်မှတ်ထားတဲ့အချိန်အတွင်း ဖျက်သိမ်းဖို့၊ နျူကလီးယားလက်နက်ကင်းမဲ့ဇုံတွေ တည်ထောင်ဖို့၊ နျူကလီးယားလက်နက်များ အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ရေးအတွက် ဆောင်ရွက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နျူကလီးယားလက်နက်များ လျှော့ချရေးကို ဆက်လက်ဆောင်ရွက်ဖို့၊ နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ကွန်ဗင်းရှင်း တစ်ခုပေါ်ပေါက်ရေးအတွက် လက်နက်ဖျက်သိမ်းရေးညီလာခံမှာ ဆွေးနွေးဖို့နဲ့ Comprehensive Test Ban Treaty (CTBT) အာဏာသက်ဝင်ရေးအတွက် ဆောင်ရွက်ဖို့ စသည့် အချက်တွေကို အဆိုမူကြမ်းမှာထည့်သွင်းထားပါ တယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ်ရုံး အကြံပေး အရာရှိ တဦးကလည်း အောက်တိုဘာ ၇ ရက်၊ ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုမှာ UNRWA လခစား ဝန်ထမ်းတွေ ပူးပေါင်း ပါဝင်ခဲ့ကြောင်း BBCကို သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။