Connect with us

Hi, what are you looking for?

News

ရွှေတြိဂံဒေသမှာ စံချိန်တင် ပမာဏထိ များပြားတဲ့ မူးယစ်ဆေးဝါးတွေ လာအိုရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

ကုလသမဂ္ဂရဲ့ အရှေ့တောင်အာရှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလက်စ်က အခုဖြစ်ရပ်ဟာ အရှေ့တောင် အာရှမှာရော၊ အရှေ့အာရှမှာပါ သမိုင်းတလျှောက် ပမာဏ အများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမျိုးလို့ ပြောကြားသွားပါတယ်။

လာအိုနိုင်ငံ ရဲတပ်ဖွဲ့ဟာ ရွှေတြိဂံ ဒေသမှာ တရားမဝင် မူးယစ်ဆေးဝါးတွေ စံချိန်တင် ပမာဏထိ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

ရွှေတြိဂံဒေသနဲ့ ဆက်စပ်နိုင်ငံ တစ်ခုဖြစ်တဲ့ ထိုင်းဖက်က လုံခြုံရေး အရာရှိ နှစ်ဦးကလည်း ဒီသတင်းကို ထပ်မံ အတည်ပြုခဲ့ပါတယ်။ လာအို ရဲတပ်ဖွဲ့ ဖမ်းဆီးရမိတာဟာ အရှေ့အာရှ ဒေသ တစ်ခုလုံးမှာ အကြီးကျယ်ဆုံး စံချိန်တင် မူးယစ်ဆေးဝါး ပမာဏမျိုးလည်း ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ လာအို ရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်း ဘော်ကီရိုမှာ ဘီယာဘူးတွေ သယ်ဆောင်လာတဲ့ ထရပ်ကား တစ်စီးကို တားဆီးပြီး စစ်ဆေး ရှာဖွေခဲ့ပါတယ်။ ဘော်ကီရိုဟာ ထိုင်း၊ မြန်မာတို့နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နေရာပါ။ လာအို ရဲတပ်ဖွဲ့ဟာ မက်သာမက်ဖက်တမင်း ဆေးပြား ၅၅ သန်းကျော်နဲ့ မက်သာမက်ဖက်တမင်း အခဲ ၁.၅ တန်လောက်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အရှေ့တောင်အာရှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလက်စ်က အခုဖြစ်ရပ်ဟာ အရှေ့တောင် အာရှမှာရော၊ အရှေ့အာရှမှာပါ သမိုင်းတလျှောက် ပမာဏ အများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမျိုးလို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အခုကိစ္စ မတိုင်ခင်မှာ လာအို ရဲတပ်ဖွဲ့ဟာ အမ်ဖက်တမင်း ဆေးပြား ၁၆ သန်းလောက်ကို နေရာနှစ်ခု ခွဲပြီး သိမ်းဆည်း ရမိထားပါတယ်။ အမှုအားလုံးက ဆက်စပ်မှုတွေ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပေမယ့် ရဲတပ်ဖွဲ့ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံ နယ်နိမိတ် ထိစပ်နေရာ ရွှေတြိဂံ ဒေသဟာ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ပတ်သက်လို့ သမိုင်းကြောင်း ရှည်ရှည်လျားလျား ရှိခဲ့တဲ့ နေရပါ။ အထူးသဖြင့် မက်သာမက်ဖက်တမင်း ဆေးဝါးတွေ အမြောက်အမြား ထုတ်လုပ်ပြီး အာရှတိုက်က ဒုစရိုက် ဂိုဏ်းတွေနဲ့ ချိတ်ဆက် အရောင်းအဝယ် လုပ်လေ့ ရှိပါတယ်။ ရွှေတြိဂံ ဒေသက ထုတ်လုပ်တဲ့ မူးယစ်ဆေးတွေဟာ ဂျပန်နဲ့ နယူးဇီလန်လို နိုင်ငံတွေထိ ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် နယ်ခြားဒေသတွေမှာ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာတဲ့အတွက် အခုဆိုရင် မူးယစ်ဆေးဝါး မှောင်ခို လမ်းကြောင်းတွေက လာအိုဖက်ကို ပိုမို ပြောင်းလဲ အသုံးပြုလာကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။