Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မှာ မူးယစ်ဆေးဝါးရောင်းချသူ ၁ဦးကို AA ရဲတပ်ဖွဲ့ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

(တောင်ကုတ်မြို့မှာ မူးယစ်ဆေးဝါးရောင်းချသူ ၁ဦးကို AA ရဲတပ်ဖွဲ့ ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - DLEPS)

ဇူလိုင် ၁၉၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

တောင်ကုတ်မြို့ပေါ် ချောင်းကောက်ရပ်ကွက်၊ အောင်မင်္ဂလာလမ်းမှာနေတဲ့ (၅၂)နှစ်အရွယ် ဦးကျော်ထွန်း ကို သူ့ရဲ့နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား(WY) ၈၁၃၊ ပုံဆောင်ခဲ(ICE) ၁၅၀ ဂရမ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

“သတင်းအရ သွားဖမ်းတာလို့ ကြားတယ်။ တောင်ကုတ်မှာ နောက်ထပ်လည်း မူးယစ်ဆေးရောင်းတဲ့သူတွေ ရှိပါသေးတယ်။ ဒီထက် ပမာဏအများကိုင်တဲ့သူတွေ ရှိတယ်။ ဘယ်သူတွေ ရောင်းနေတယ်ဆိုတာ လူငယ်တွေ တော် တော်များများ သိတယ်။ လက်ကြီးသမားတွေကိုပါ ဖမ်းမိစေချင်တယ်” လို့ တောင်ကုတ်မြို့မှာ နေထိုင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကုတ်မြို့မှ မူးယစ်ဆေးဝါးရောင်းတဲ့ ဦးကျော်ထွန်းကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)နဲ့ အမှုဖွင့်ထားတယ်လို့ AA ရဲတပ်ဖွဲ့ရဲ့ ဇူလိုင်လ ၁၈ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မူးယစ်ဥပဒေပုဒ်မ ၁၉(က)ဟာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးကို ရောင်းချဖို့ လက်ဝယ်ထားရင် အရေးယူလို့ရတဲ့ ပုဒ်မဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး နှစ်အကန့်အ သတ်မရှိ ချမှတ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကျပ်သိန်းသုံးရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချနေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဥပဒေပုဒ်မ ၁၉(က)၊ ၂၀(က)၊ ၂၁(က)တို့နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။

အခုမူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတဲ့ တောင်ကုတ်၊ သံတွဲမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အချို့မြို့ နယ်တွေမှာလည်း AA ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေးယန္တရားတွေ အပြည့်အ၀မလည်ပတ်နိုင်သေးတာကို အခွင့် ကောင်းယူပြီး မူးယစ်ဆေးဝါးရောင်းချသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံလူငယ်တွေက ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာ လမ်းဘေးကွမ်းယာဆိုင်တွေ၊ နေအိမ်တွေကနေ မူးယစ်ဆေးဝါး အလွယ်တကူဝယ်လို့ရတဲ့ထိ ပေါများခဲ့ကာ AA ရဲ့မြို့သိမ်းတိုက်ပွဲတွေဖြစ်လာ ချိန်၊ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပြိုပျက်သွားချိန်မှ မူးယစ်ဆေးတွေ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့တာပါ။

“ဟိုးတုန်းကတော့ ရဲက လစဉ်လိုင်းကြေးကောက်ပြီး အိမ်တွေမှာ လွတ်လွတ်လပ်လပ်ရောင်းခွင့်ပေးနေခဲ့တာ။ WY တပြား ငါးရာလောက်ပဲ ရှိခဲ့တယ်။ အခုက ဒီလပ်(DLEPS)က တွေ့ရင်ဖမ်းတယ်ဆိုတော့ ပေါ်ပေါ်ထင်ထင်ရောင်း တဲ့သူမရှိဘူး။ ဒါပေမယ့် သူ့နည်းသူ့ဟန်နဲ့ ရောင်းတဲ့သူတွေကတော့ ရှိနေသေးတယ်” လို့ မင်းပြားမြို့မှ ကိုယ်တိုင် မူးယစ်ဆေးဝါး ဝယ်ယူဖူးတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

WY ၊ ICE တို့ဆိုတာဟာ မက်သာဖက်တမင်း စိတ်ကြွရူးသွပ်ဆေးအမျိုးအစားတွေဖြစ်ပြီး WY ဟာ ဆေးပြားသဏ္ဍန် နဲ့ ICE ဟာ ရေခဲပုံသဏ္ဍာန်ပုံဆောင်ခဲဖြစ်ကာ ကြာကြာသုံးစွဲရင် ပြုပြင်လို့မရတဲ့ ဦးနှောက်ထိခိုက်မှုရှိနိုင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာလစာထုတ်ပြီးအပြန်ပညာရေးဝန်ထမ်းဆရာ၊ ဆရာမတွေပါဝင်တဲ့ခရီးသည်တင်စက်လှေတစီး နစ်မြုပ်ရာဆရာမ၁ဦးသေဆုံးပြီး၈ဦးပျောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။