Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့ မီးငြိမ်းပြီ၊ ဘုရားကျောင်းနှစ်ကျောင်းနှင့် နေအိမ် ၁၆၀ကျော်မီးလောင်

မီးလောင်သည့် နေအိမ်စာရင်းကို ထန်တလန်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တပ်ဖွဲ့ဝင်များက စာရင်းကောက်ယူခဲ့ကြောင်း ဒေသခံက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကတည်းက မီးလောင်ကျွမ်းခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့ မီးလောင်မှု ယနေ့(အောက်တိုဘာ၃၀)နံနက် ၉နာရီခန့်တွင် မီးငြိမ်းပြီဖြစ်ကြောင်းနှင့် မီးခိုးငွေ့များသာရှိတော့ကြောင်း ချင်းဒေသခံတစ်ဦးက ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ရက် နံနက် ၁၀နာရီကျော်အချိန်မှ ယနေ့ နံနက် ၉နာရီကျောအထိ ၂၄နာရီနီးပါးကြာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်သည့် နေအိမ်စာရင်းကို ထန်တလန်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တပ်ဖွဲ့ဝင်များက စာရင်းကောက်ယူခဲ့ကြောင်း ဒေသခံက ပြောသည်။

“နောက်ဆုံးအခြေအနေက အိမ်မီးလောင်တဲ့ဟာတွေကို CDF ထန်တလန်အနေနဲ့အိမ်ဘယ်လောက် ဘယ်လောက် လောင်တယ်ဆိုတာ သူတို့ရေတွက်နေတယ်။ အခု ၉နာရီခွဲလောက် မီးငြိမ်းသက်သွားပြီ။ အခိုးအငွေ့တွေပဲရှိတော့တယ်။ အခုက CDF ထန်တလန်ရဲ့ စာရင်းအရတော့ အိမ် ၁၆၃ လောင်သွား တယ်။ အဲဒီအထဲမှာ ဘုရားကျောင်း ၂ခု ပါသွားတယ်။ ရပ်ကွက် ၅ခုလောင်သွားတာ” ဟု ချင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် စက်တင်ဘာလ တတိယပတ်အတွင်းကလည်း ထန်တလန်မြို့ပေါ်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့၍ နေအိမ် ၂၀ခန့်မီးလောင်ခဲ့သည်။ မီးငြှိမ်းသတ်ရန်လာသည့် ဘာသာရေးသင်းအုပ်ဆရာတော်တစ်ပါးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်အပြီးတွင် လူဦးရေ တစ်သောင်းခန့်ရှိသည့် ထန်တလန်မြို့ခံ အားလုံးနီးပါး စစ်ဘေးတိမ်း ရှောင်သွားကြောင်း၊ ယမန်နေ့မီးလောင်မှုတွင် မီးငြှိမ်းသက်မည့်သူမရှိ၍ မီးလောင်သည့် နေအိမ်အရေအတွက် ပိုများသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ – ထန်တလန် CDF

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ ဒီကနေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့တဲ့မီးကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်လို့ ဆေးရုံပို့လိုက်ရကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ပလိပ်- စကားအင်းလမ်းပိုင်းမှာ အဝေးပြေး ခရီးသည်တင်ကားတစ်စီး ဒီနေ့ (ဒီဇင်ဘာ ၃၁ ရက်) မနက် ၆ နာရီ ၄၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားတယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၇ ထပ်တိုက်တစ်လုံး မီးလောင်ပြီး လူ ၂၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီနေ့ ( ဒီဇင်ဘာလ ၄ ရက်) မနက် ၇ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Facebook