Connect with us

Hi, what are you looking for?

News

အပြစ်မဲ့ပြည်သူများ ​သေဆုံးထားရခြင်းနှင့် ဖမ်းဆီးခံထားရခြင်း​ကြောင့် ​ဒေပါဝလီပွဲ​တော်ကို ​နေအိမ်တွင်သာ အကျဥ်းချုံးကျင်းပကြရန် ဟိန္ဒူဘာသာ​ရေးအဖွဲ့ တိုက်တွန်း

နေအိမ်များတွင် အဓမ္မမှုအား အောင်နိုင်၍ အောင်ပန်းကိုဆင်လာသော ဘုရားရှင် ရှရီရားမ်ကို ဆီးမီးဖြင့် ကြိုဆိုခြင်းနှင့် ဆီမီးထွန်းပွဲတော်ကို ဆင်နွှဲရန် ဟိန္ဒူဘာသာဝင်များကို မေတ္တာရပ်ခံထားသည်။

မြန်မာနိုင်ငံအတွင်း မြောက်များစွာသော အပြစ်မဲ့ပြည်သူများ သေဆုံးထားရခြင်းနှင့်စစ်ကောင်စီလက်အောက်မှ လွတ်မြောက်မှုမရသေးသည်ကို သတိပြုဆင်ခြင်ကာ နိုဝင်ဘာ ၄ရက်တွင် ကျရောက်မည့် ဒေပါဝလီကာလတွင် ပျော်ပွဲ၊ရွှင်ပွဲများနှင့် ပျော်ပါးမူးယစ်ခြင်းများ မပြုလုပ်ကြရန် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က တိုက်တွန်းသည်။

ထို့အပြင် ပူဇော်ပွဲများကို မိမိတို့နေအိမ်တွင်သာ မိသားစုဝင်များဖြင့် အကျဥ်းချုံးကျင်းပ၍ ဓလေ့ထုံးတမ်းများကို ဆောင်ရွက်ရန်လည်း အသိပေးသည်။

နေအိမ်များတွင် အဓမ္မမှုအား အောင်နိုင်၍ အောင်ပန်းကိုဆင်လာသော ဘုရားရှင် ရှရီရားမ်ကို ဆီးမီးဖြင့် ကြိုဆိုခြင်းနှင့် ဆီမီးထွန်းပွဲတော်ကို ဆင်နွှဲရန် ဟိန္ဒူဘာသာဝင်များကို မေတ္တာရပ်ခံထားသည်။

Public Service Announcement

“ဘုရားကို ဘုရားကျောင်းမှာ ရှာစရာမလိုပါဘူး။ ဘာသာရေး ကျမ်းဂန်စာပေ သင်ကြားချက်တွေအရ မိမိ၏ နှလုံးသားအထဲတွင် ကိန်း၀ပ်နေသော ဘုရားရှင်ကို ကိုယ်တိုင် ရှာဖွေရမှာဖြစ်တယ်။ဘုရားကျောင်းသွား ဘုရားရှိခိုးမှ စစ်မှန်သော ဘက္တ သာ၀ကဖြစ်မှာ မဟုတ်ပါ။ စစ်မှန်သော ယုံကြည်မှုနဲ့ သန့်စင်မွန်မြတ်မှု ရှိလျှင် မိမိအိမ်သည်လည်း ဘုရားကျောင်းတစ်ခုလို မြင့်မြတ်‌သော နေရာတစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မိမိတို့ နှင့် တစ်ရေတည်းနေ တစ်ရေတည်းသောက် ၊ တစ်လှေတည်းစီးနေကြည်သော တိုင်ရင်းသား ညီအစ်ကို မောင်နှမတို့စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိပြီးမှသာ နဂိုမူလကဲ့သို့သော ပွဲတော်ကြီးများ ကျင်းပရန်ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook