Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့သို့ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ သုံးဦးသေပြီး ရှစ်ဦးဒဏ်ရာဟု CDF-MINDAT ထုတ်ပြန်

“စကစဘက်က သုံးဦး မုန့်ဟင်းခါးဆိုတာတော့ သေချာတယ်။နောက်ရှစ်ဦးကလည်း ဒဏ်ရာတော်တော် ပြင်းပြင်းရသွားတာ”ဟု CDF-MINDATမှ တာဝန်ရှိသူကပြောသည်။

People's Spring
People's Spring

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် သို့ ကင်းလှည့်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု CDF-MINDATက ယနေ့(နိုဝင်ဘာ၁) နံနက်အစောပိုင်းတွင် ထုတ်ပြန်သည်။

ဖြစ်စဥ်မှာမူ အောက်တိုဘာ ၃၁ ရက်က မင်းတပ်မြို့‌ စိချဲ့လမ်းဆုံအနီးတွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်များကို ချုံခိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲချိန် မိနစ်၃၀ခန့်ကြာမြင့်ခဲ့ပြီး CDF-MINDAT မှ အနည်းငယ် ဒဏ်ရာရသူတစ်ဦးရှိကာ အောင်မြင်စွာပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

“စကစဘက်က သုံးဦး မုန့်ဟင်းခါးဆိုတာတော့ သေချာတယ်။နောက်ရှစ်ဦးကလည်း ဒဏ်ရာတော်တော် ပြင်းပြင်းရသွားတာ”ဟု CDF-MINDATမှ တာဝန်ရှိသူကပြောသည်။

ယင်းတိုက်ပွဲသည် အကြမ်းဖက်စစ်ကောင်စီတပ်သည် ထန်တလန်မြို့ရှိ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦများကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် လက်တုံ့ပြန်ခြင်းဟု CDF- MINDATက ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာအတွင်း ချင်းပြည်နယ်ရှိ မြို့နယ်ငါးခုမှ အိမ်ခြေ ၃၀၀ကျော်မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုလုပ်ရပ်များတွင် အကြမ်းဖက်စစ်ကောင်စီသည် ဂျနီဗာ ကွန်ဗန်းရှင်းသဘောတူညီချက်ကို လိုက်နာမှုမရှိဘဲ စစ်ရာဇဝတ်ကျူးလွန်ခြင်းဖြစ်၍ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းသွားမည်ဟု ချင်းပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦးတို့က အောက်တိုဘာ ၃၁ ရက်တွင် ပူးတွဲကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။