Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ သေဆုံးမှုများပြားနိုင်ဟု PPDFထုတ်ပြန်

အပြင်းအထန်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေကြစဉ် ပုလဲမြို့ပေါ် ရှိ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ အလုံးအရင်းဖြင့် စစ်ကူပေးလာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာလာခဲ့စဉ် ရဲဘော်တစ်ဦးမှာပျောက် ဆုံးခဲ့သည်ဟု PPDFက အသိပေးသည်။

ပုလဲမြို့၏ အနောက်ဘက် ၄မိုင်ခန့်အကွာ နွယ်ရှောက်ကျေးရွာရှိပြည်သူလူထုအားသွားရောက် ခြိမ်း‌‌ခြောက်ပစ်ခတ်ပြီး ဆိုင်ကယ် နှင့်ကားများဖြင့် ပြန်လာသော ပုလဲမြို့နယ်ရဲမှူးအပါအဝင် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများသေဆုံးမှုများပြားနိုင်ကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က ယနေ့(နိုဝင်ဘာ၂ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှာနိုဝင်ဘာ ၁ ရက် ည ၁၂နာရီ (သန်းခေါင်ယံ) အချိန်ခန့်တွင် နွယ်ရှောက်ကျေးရွာ ၏အရှေ့ဘက် ၅ဖာလုံခန့်အကွာ လမ်းခုလပ်တစ်နေရာ၌ ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပုလဲပုံတောင် နဂါးတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ ၁၅ဦး)ဗုံးများဖြင့် PPDFက စတင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ၁၅မိနစ်ခန့် အကြာတွင် PPDFက သေနတ်များ အသုံးပြုတိုက်ခိုက်ရာ ပုလဲမြို့နယ်ရဲမှူးအပါအဝင် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိခဲ့သည်ဟု ဆိုသည်။

အပြင်းအထန်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေကြစဉ် ပုလဲမြို့ပေါ် ရှိ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ အလုံးအရင်းဖြင့် စစ်ကူပေးလာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာလာခဲ့စဉ် ရဲဘော်တစ်ဦးမှာပျောက် ဆုံးခဲ့သည်ဟု PPDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသောရဲဘော်တစ်ဦးမှာ အသက်ရှင်လျက်ရှိ ၊မရှိကို အတည်မပြုနိုင်သေးကြောင်း ဗိုလ်နဂါးက ပြော သည်။

တိုက်ပွဲဖြစ်စဥ် ဗီဒီယိုဖိုင်ကိုလည်း မကြာမီထုတ်ပြန်ပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်တွင်းပြည်ပမှ ပံ့ပိုးကူညီလာသော အလှူရှင်များ၏ ငွေကြေးဖြင့် လက်နက်အင်အားအနည်းငယ်ဖြည့်တင်းပေးထားပြီး ပြည်သူလူထုလွတ်မြောက်မှုရသည်အထိဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း PPDF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook