Connect with us

Hi, what are you looking for?

LuduNwayOo

News

သန်လျင်တွင် ယာဉ်ထိန်းရဲသုံးဦး ပစ်သတ်ခံရ

ပစ်ခတ်မှုဖြစ်ပွားသည့် အောင်သပြေလမ်းဆုံးမီးပွိုင့်၌ ယာဉ်ထိန်းရဲများက ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ငွေကြေးတောင်းယူမှုများကို အခင်းမဖြစ်ပွားမီအချိန်ထိ ကျူးလွန်ခဲ့သည်ဟု ယင်းဒေသခံက ဆက်ပြောသည်။

People's Spring
People's Spring

သန်လျင်မြို့တွင် ယနေ့(နိုဝင်ဘာ ၃)မွန်းလွဲပိုင်းက ယာဉ်ထိန်းရဲသုံးဦးကို မြို့ပြပျောက်ကျားတပ်က သုတ် သင်လိုက်ကြောင်း သတင်းရရှိသည်။

ပျောက်ကျားတပ်ဖွဲ့၏ပစ်မှတ်ထား ပစ်ခတ်ခံရသည့်ယာဉ်ထိန်းရဲသုံးဦးသည် သန်လျင်မြို့ သီလဝါစက်မှုဇုံသွား အောင်သပြေမီးပွိုင့်လမ်းဆုံးအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သန်လျင်လူငယ် မြို့ပြပျောက်ကျားတပ်ဖွဲ့(TYPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါယာဉ်ထိန်းရဲများမှာ အောင်သပြေမီးပွိုင့်အနီး နေ့စဉ်နီးပါး ကား၊ ဆိုင်ကယ်စသည့်ယာဉ်များကို မတရားဖမ်းဆီး စစ်ဆေးခြင်းများပြုလုပ်သည့်အပြင် ငွေကြေးတောင်းယူမှုများကိုပါ ကျူးလွန်လျက်ရှိသည်ဟု သန်လျင်ဒေသခံတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် အောင်သပြေလမ်းဆုံးမီးပွိုင့်၌ ယာဉ်ထိန်းရဲများက ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ငွေကြေးတောင်းယူမှုများကို အခင်းမဖြစ်ပွားမီအချိန်ထိ ကျူးလွန်ခဲ့သည်ဟု ယင်းဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

သန်လျင်လူငယ်မြို့ပြပျောက်ကျားတပ်ဖွဲ့က စစ်ကောင်စီထောက်တိုင်များအား သုတ်သင်ရှင်းလင်းလျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း သတင်းပေးဒလန်ဆိုသူတစ်ဦးကို ပစ်ခတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

သတင်း

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်ခတ်အရေးယူလျှက်ရှိရာ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ကျော်သူနှင့် အတူးဆိုသူနှစ်ဦးကို ဘော်ဘင်ဆည်အနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။