Connect with us

Hi, what are you looking for?

News

သန်လျင်တွင် ယာဉ်ထိန်းရဲသုံးဦး ပစ်သတ်ခံရ

ပစ်ခတ်မှုဖြစ်ပွားသည့် အောင်သပြေလမ်းဆုံးမီးပွိုင့်၌ ယာဉ်ထိန်းရဲများက ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ငွေကြေးတောင်းယူမှုများကို အခင်းမဖြစ်ပွားမီအချိန်ထိ ကျူးလွန်ခဲ့သည်ဟု ယင်းဒေသခံက ဆက်ပြောသည်။

People's Spring
People's Spring

သန်လျင်မြို့တွင် ယနေ့(နိုဝင်ဘာ ၃)မွန်းလွဲပိုင်းက ယာဉ်ထိန်းရဲသုံးဦးကို မြို့ပြပျောက်ကျားတပ်က သုတ် သင်လိုက်ကြောင်း သတင်းရရှိသည်။

ပျောက်ကျားတပ်ဖွဲ့၏ပစ်မှတ်ထား ပစ်ခတ်ခံရသည့်ယာဉ်ထိန်းရဲသုံးဦးသည် သန်လျင်မြို့ သီလဝါစက်မှုဇုံသွား အောင်သပြေမီးပွိုင့်လမ်းဆုံးအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သန်လျင်လူငယ် မြို့ပြပျောက်ကျားတပ်ဖွဲ့(TYPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါယာဉ်ထိန်းရဲများမှာ အောင်သပြေမီးပွိုင့်အနီး နေ့စဉ်နီးပါး ကား၊ ဆိုင်ကယ်စသည့်ယာဉ်များကို မတရားဖမ်းဆီး စစ်ဆေးခြင်းများပြုလုပ်သည့်အပြင် ငွေကြေးတောင်းယူမှုများကိုပါ ကျူးလွန်လျက်ရှိသည်ဟု သန်လျင်ဒေသခံတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် အောင်သပြေလမ်းဆုံးမီးပွိုင့်၌ ယာဉ်ထိန်းရဲများက ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ငွေကြေးတောင်းယူမှုများကို အခင်းမဖြစ်ပွားမီအချိန်ထိ ကျူးလွန်ခဲ့သည်ဟု ယင်းဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

သန်လျင်လူငယ်မြို့ပြပျောက်ကျားတပ်ဖွဲ့က စစ်ကောင်စီထောက်တိုင်များအား သုတ်သင်ရှင်းလင်းလျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း သတင်းပေးဒလန်ဆိုသူတစ်ဦးကို ပစ်ခတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။