အဂတိလိုက်စားမှု ပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ကို ဒီနေ့ စစ်ဆေးမှာဖြစ်ပြီး ဦးဖြိုးမင်းသိန်း ရဲ့ဇနီး ကို တရားလိုသက်သေအဖြစ် စစ်ဆေးဖို့ရှိနေပါတယ်။
ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို တရားလိုသက်သေအဖြစ် စစ်ကောင်စီက ထည့်ထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရုံးချိန်း၃ ချိန်းလုံးမှာ လာရောက်ထွက်ဆိုခဲ့တာမရှိပါဘူး။
ဒါကြောင့် ဒီနေ့ ရုံးချိန်းမှာလည်း လာ ၊မလာကို အတိအကျ မသိနိုင်ဘူးလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ တွေနဲ့ ရွေတွေ ပေးရတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံက ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ဆိုတဲ့ ရုပ်သံဖိုင်ကိုထုတ်လွှင့်ဖူးပါတယ်။
အဲဒီနောက် တရားရုံးမှာ ဦးဖြိုးမင်းသိန်း လာရောက်ထွက်ဆိုရာမှာလည်း အဲဒီရုပ်သံဖိုင်ထဲကအတိုင်း ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကဒီလိုစွပ်စွဲချက်တွေ အပေါ် အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကိုပြောခဲ့ဖူးပါတယ်။