Connect with us

Hi, what are you looking for?

News

အဂတိနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့အမှုမှာ ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို တရားလို သက်သေအဖြစ် ဒီနေ့ စစ်ဆေးဖို့ရှိ

ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို တရားလိုသက်သေအဖြစ် စစ်ကောင်စီက ထည့်ထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရုံးချိန်း၃ ချိန်းလုံးမှာ လာရောက်ထွက်ဆိုခဲ့တာမရှိပါဘူး။

အဂတိလိုက်စားမှု ပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ကို ဒီနေ့ စစ်ဆေးမှာဖြစ်ပြီး ဦးဖြိုးမင်းသိန်း ရဲ့ဇနီး ကို တရားလိုသက်သေအဖြစ် စစ်ဆေးဖို့ရှိနေပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို တရားလိုသက်သေအဖြစ် စစ်ကောင်စီက ထည့်ထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရုံးချိန်း၃ ချိန်းလုံးမှာ လာရောက်ထွက်ဆိုခဲ့တာမရှိပါဘူး။

ဒါကြောင့် ဒီနေ့ ရုံးချိန်းမှာလည်း လာ ၊မလာကို အတိအကျ မသိနိုင်ဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ တွေနဲ့ ရွေတွေ ပေးရတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံက ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ဆိုတဲ့ ရုပ်သံဖိုင်ကိုထုတ်လွှင့်ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် တရားရုံးမှာ ဦးဖြိုးမင်းသိန်း လာရောက်ထွက်ဆိုရာမှာလည်း အဲဒီရုပ်သံဖိုင်ထဲကအတိုင်း ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကဒီလိုစွပ်စွဲချက်တွေ အပေါ် အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကိုပြောခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။