Connect with us

Hi, what are you looking for?

LuduNwayOo

News

အဂတိနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့အမှုမှာ ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို သက်သေအဖြစ်မစစ်ဆေးဖြစ်

ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို တရားလိုသက်သေအဖြစ် စစ်ကောင်စီက ထည့်ထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရုံးချိန်း၃ ချိန်းလုံးမှာလည်း လာရောက်ထွက်ဆိုခဲ့တာမရှိပါဘူး။

အဂတိလိုက်စားမှု ပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ကို ဒီနေ့ စစ်ဆေးရာမှာ ဦးဖြိုးမင်းသိန်း ရဲ့ဇနီး ဒေါ်ခင်မိမိကြွယ် ကို တရားလိုသက်သေအဖြစ် စစ်ဆေးဖို့ရှိပေမယ့် တရားခွင်ကိုရောက်မလာတာကြောင့်မစစ်ဆေးဖြစ်လိုက်ပါဘူး။

ဦးဖြိုးမင်းသိန်းတို့ဇနီးမောင်နှံကို စစ်ကောင်စီဟာ ထိန်းသိမ်းထားတာဖြစ်ပြီး ဒေါ်ခင်မိမိကြွယ်ဟာ နေမကောင်းတာကြောင့် တရားခွင်ကိုရောက်မလာတာလို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက တဆင့် သိရပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို တရားလိုသက်သေအဖြစ် စစ်ကောင်စီက ထည့်ထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရုံးချိန်း၃ ချိန်းလုံးမှာလည်း လာရောက်ထွက်ဆိုခဲ့တာမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ တွေနဲ့ ရွှေတွေ ပေးရတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံက ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ဆိုတဲ့ ရုပ်သံဖိုင်ကိုထုတ်လွှင့်ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် တရားရုံးမှာ ဦးဖြိုးမင်းသိန်း လာရောက်ထွက်ဆိုရာမှာလည်း အဲဒီရုပ်သံဖိုင်ထဲကအတိုင်း ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကဒီလိုစွပ်စွဲချက်တွေ အပေါ် အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကိုပြောခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတကာ

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

နိုင်ငံတကာ

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။