Connect with us

Hi, what are you looking for?

News

အဂတိနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့အမှုမှာ ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို သက်သေအဖြစ်မစစ်ဆေးဖြစ်

ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို တရားလိုသက်သေအဖြစ် စစ်ကောင်စီက ထည့်ထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရုံးချိန်း၃ ချိန်းလုံးမှာလည်း လာရောက်ထွက်ဆိုခဲ့တာမရှိပါဘူး။

အဂတိလိုက်စားမှု ပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ကို ဒီနေ့ စစ်ဆေးရာမှာ ဦးဖြိုးမင်းသိန်း ရဲ့ဇနီး ဒေါ်ခင်မိမိကြွယ် ကို တရားလိုသက်သေအဖြစ် စစ်ဆေးဖို့ရှိပေမယ့် တရားခွင်ကိုရောက်မလာတာကြောင့်မစစ်ဆေးဖြစ်လိုက်ပါဘူး။

ဦးဖြိုးမင်းသိန်းတို့ဇနီးမောင်နှံကို စစ်ကောင်စီဟာ ထိန်းသိမ်းထားတာဖြစ်ပြီး ဒေါ်ခင်မိမိကြွယ်ဟာ နေမကောင်းတာကြောင့် တရားခွင်ကိုရောက်မလာတာလို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက တဆင့် သိရပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို တရားလိုသက်သေအဖြစ် စစ်ကောင်စီက ထည့်ထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရုံးချိန်း၃ ချိန်းလုံးမှာလည်း လာရောက်ထွက်ဆိုခဲ့တာမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ တွေနဲ့ ရွှေတွေ ပေးရတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံက ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ဆိုတဲ့ ရုပ်သံဖိုင်ကိုထုတ်လွှင့်ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် တရားရုံးမှာ ဦးဖြိုးမင်းသိန်း လာရောက်ထွက်ဆိုရာမှာလည်း အဲဒီရုပ်သံဖိုင်ထဲကအတိုင်း ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကဒီလိုစွပ်စွဲချက်တွေ အပေါ် အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကိုပြောခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။