Connect with us

Hi, what are you looking for?

News

ပျူ​စောထီးတစ်ဦးနှင့်စစ်​ကောင်စီသတင်း​ပေးအုပ်ချုပ်​ရေးမှူးဟုဆိုသူတစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရ

အဆိုပါပျူစောထီးအဖွဲ့ဝင် နေအိမ်မှ လက်လုပ်သေနတ်နှစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျူစောထီးထွန်းဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့​ပြီး ပေါက်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း MGPDFက ​ဖော်ပြသည်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နှင့် ပေါက်မြို့နယ်များရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးနှင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးအား ဒေသတွင်း ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက​သေနတ်ဖြင့်ပစ်သတ်ခဲ့​ကြောင်းသတင်းထုတ်ပြန်သည်။

ယနေ့( နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင်CAF-MGPDF၊ King Fighter-SGFနှင့် PPDF ပူးပေါင်း ၃ အဖွဲ့က ပေါက်မြို့နယ် ခင်ရှည်တောင်စုတွင် နေထိုင်သူ ပျူစောထီးအဖွဲ့ဝင် ထွန်းဦး၏ နေအိမ်ကို ဝင်ရောက်စီးနင်း၍​သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါပျူစောထီးအဖွဲ့ဝင် နေအိမ်မှ လက်လုပ်သေနတ်နှစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျူစောထီးထွန်းဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့​ပြီး ပေါက်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း MGPDFက ​ဖော်ပြသည်။

နယ်ခံ PDFများ ထိခိုက်မှုမရှိဘဲ လုံခြုံရာနေရာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာအနီးမှ ပြည်သူများအား အော်ဟစ်ကြိမ်းမောင်းခဲ့ရသည့်အတွက် တောင်းပန်ကြောင်း၊ ပြည်သူများ မတော်တဆ ထိခိုက်မည်စိုး၍ သတိပေးအော်ဟစ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်ထိုအခြေအနေမျိုးတွင် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ လုံခြုံစွာနေထိုင်ကြရန် မေတ္တာရပ်ခံကြောင်း မကွေးပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ မကွေးတိုင်းရှိ ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ ယမန်နေ့( နိုဝင်ဘာလ ၄ ရက်) ညနေ ၃နာရီ ၂၀ မိနစ်အချိန်ခန့်ကမကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ် ၊
သာစည်ကျေးရွာ ရှိ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှုး ဒလန်ဟုဆိုသည့် အောင်မြိုင်ကို ၎င်း၏ နေအိမ်ရှေ့တွင် ရင်ဘတ် ၃ချက် ခေါင်း ၁ချက် ​သေနတ်
ဖြင့်ပစ်ခတ်ကာ ရှင်းလင်းခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ကလည်းထုတ်ပြန်အသိပေးသည်။

သုတ်သင်ခံရသူများ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိသွားကြောင်း၊ သေဆုံးမှုအခြေအနေမသိရသေးကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

(ပျူ​​စောထီးထံမှသိမ်းဆည်းရမိခဲ့သည့် လက်လုပ်သေနတ်)

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ