Connect with us

Hi, what are you looking for?

News

ရွေးကောက်ပွဲကတိကဝတ်နဲ့ ပါတီလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဗဟိုအလုပ်ကော်မတီဖွဲ့စည်းလိုက်တယ်လို့ NLDထုတ်ပြန်

ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်ကော်မတီမှာ ဗဟိုအလုပ် အမှုဆောင်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရံဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်ဆောင်နဲ့ Steering Committee မှ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့က တာဝန်ယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ NLDပါတီထောက်ခံသူများ အောင်ပွဲခံနေစဥ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဟာ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်တွေကို အကောင်အထည်ဖော်ဖို့အပါအဝင် ပါတီလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ဗဟိုအလုပ်ကော်မတီ(Central Working Committee)ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့(နိုဝင်ဘာ ၅ ရက်)ထုတ်ပြန် ကြေညာပါတယ်။

NLDပါတီဥက္ကဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေးမကျင်းပမီကာလအတွင်း အဖွဲ့ချုပ်ရဲ့ အခြေခံမူဝါဒတွေ၊ ၂၀၂၀ ရွေးကောက်ပွဲကြေညာ စာတမ်းပါအချက်တွေ အကောင်အထည်ဖော်ဖို့၊ ပါတီလုပ်ငန်းစဉ်တွေ ချိတ် ဆက်ဆောင်ရွက်နိုင်ဖို့နဲ့ ပြည်တွင်း၊ ပြည်ပပါတီချင်းဆက်ဆံရေးတွေ ဆောင်ရွက်နိုင်ဖို့ ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်းတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်ကော်မတီမှာ ဗဟိုအလုပ် အမှုဆောင်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရံဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်ဆောင်နဲ့ Steering Committee မှ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့က တာဝန်ယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ပါတီဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ (၁)၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင်ဗဟိုအလုပ်အမှုဆောင် ၁၄ ဦးကို အာဏာသိမ်းစစ်ကောင်စီက တရားဥပဒေမဲ့ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။