Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွေးကောက်ပွဲကတိကဝတ်နဲ့ ပါတီလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဗဟိုအလုပ်ကော်မတီဖွဲ့စည်းလိုက်တယ်လို့ NLDထုတ်ပြန်

ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်ကော်မတီမှာ ဗဟိုအလုပ် အမှုဆောင်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရံဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်ဆောင်နဲ့ Steering Committee မှ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့က တာဝန်ယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ NLDပါတီထောက်ခံသူများ အောင်ပွဲခံနေစဥ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဟာ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်တွေကို အကောင်အထည်ဖော်ဖို့အပါအဝင် ပါတီလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ဗဟိုအလုပ်ကော်မတီ(Central Working Committee)ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့(နိုဝင်ဘာ ၅ ရက်)ထုတ်ပြန် ကြေညာပါတယ်။

NLDပါတီဥက္ကဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေးမကျင်းပမီကာလအတွင်း အဖွဲ့ချုပ်ရဲ့ အခြေခံမူဝါဒတွေ၊ ၂၀၂၀ ရွေးကောက်ပွဲကြေညာ စာတမ်းပါအချက်တွေ အကောင်အထည်ဖော်ဖို့၊ ပါတီလုပ်ငန်းစဉ်တွေ ချိတ် ဆက်ဆောင်ရွက်နိုင်ဖို့နဲ့ ပြည်တွင်း၊ ပြည်ပပါတီချင်းဆက်ဆံရေးတွေ ဆောင်ရွက်နိုင်ဖို့ ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်းတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်ကော်မတီမှာ ဗဟိုအလုပ် အမှုဆောင်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရံဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်ဆောင်နဲ့ Steering Committee မှ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့က တာဝန်ယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ပါတီဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ (၁)၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင်ဗဟိုအလုပ်အမှုဆောင် ၁၄ ဦးကို အာဏာသိမ်းစစ်ကောင်စီက တရားဥပဒေမဲ့ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။