Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဟု PDFထုတ်ပြန်

စစ်ကောင်စီ၏ သေဆုံး၊ ဒဏ်ရာရတပ်သားများကို ပုလဲမြို့ရဲစခန်းက ကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟုလည်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ပြောသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ယနေ့ (နိုဝင်ဘာ၅ ရက်) ညပိုင်တွင် ထုတ်ပြန်သည်။

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာ၌ သေနတ်များပစ်ဖောက် ခြိမ်းခြောက်ပြီး ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့နံနက်က မင်းတိုင်ပင်ရွာ NLDလွှတ်တော်အမတ် ဦးဇော်ထက် မိသားစုပိုင်နေအိမ်ကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီးနောက် သပြေကုန်းရွာဘက်သို့ အင်အား၃၀ကျော်နှင့် ခြေလျင်ထွက်လာခဲ့ရာ သပြေကုန်းရွာ အနောက်ဘက်အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲ၍ စတင်တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်တွင် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကမိုင်း(၆)လုံး ဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကာ ဒဏ်ရာရရှိသူများသော်လည်း အတည်မပြုနိုင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ သေဆုံး၊ ဒဏ်ရာရတပ်သားများကို ပုလဲမြို့ရဲစခန်းက ကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟုလည်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဦးနှောက်ရွာအနီး ပြည်သူ့တော်လှန်ရေးတပ်မတော်( PRA) အပါအဝင် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား အကျအဆုံးရှိမရှိကိုမူ အတည်မပြုနိုင်သေပေ။

စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ ပါရှိသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များဆုတ်ခွာခဲ့ရသော်လည်း ကန့်ဒေါင့် ကျေးရွာဘက်မှ လာရောက်အင်အားဖြည့်သည့် ဆိုင်ကယ် ခြောက်စီးပါ စစ်ကောင်စီယာဥ်တန်းကို မိုင်းခိုင်းမှု ဆက်လက်ပြုလုပ်ခဲ့ကြောင်း PRAက ဆိုသည်။

အဆိုပါ မိုင်းခွဲမှုဖြစ်စဥ်တွင် ဆိုင်ကယ်တစ်စီးမိုင်းထိပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုဖ့းခဲ့ကာ ငါးစီးမှာ ကန့်ဒေါင့်ကျေးရွာတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယနေ့ ညပိုင်းတွင် စစ်ကောင်စီတပ်မှာ ကန့်ဒေါင့်၌ တပ်စခန်းချ နေကြောင်း ပုလဲပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဌာနချုပ် အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook