Connect with us

Hi, what are you looking for?

News

စစ်ကောင်စီစစ်ကြောရေးရောက်ပြီးနောက် အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံး

ဆေးရုံမှာ ၃ ရက်ကြာ ဆေးကုသမှုခံယူနေရပြီးတဲ့နောက် ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

People's Spring
People's Spring

ကရင်ပြည်နယ် ဘားအံမှာ စစ်ကောင်စီက ဖမ်းဆီထားတဲ့ လူငယ်တစ်ဦး စစ်ကြောရေးမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အသက် ၂၀ ကျော်အရွယ်ရှိတဲ့ အဲဒီလူငယ်ကို ပြီးခဲ့တဲ့လက ဘားအံမြို့ပေါ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပြီး စစ်ကြောရေးမှာ နှိပ်စက်စစ်ဆေးမေးမြန်းလို့ ရထားတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။

ဆေးရုံမှာ ၃ ရက်ကြာ ဆေးကုသမှုခံယူနေရပြီးတဲ့နောက် ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်ပတ်လောက်က သူ့ကို မြို့ပေါ်မှာပဲဖမ်းမိတာ။ ဖမ်းပြီးတော့ စစ်ကြောရေးကိုခေါ်သွားတယ်လို့ပြောတယ်။ အဲ့မှာ နှိပ်စက်ထားတာ ကျောက်ကပ်ထိသွားတယ်။ ဆေးရုံမှာ ကုသရင်း နှိပ်စက်ထားတဲ့ဒဏ်ရာတွေနဲ့ပဲ မနေ့က ဆုံးသွားတယ်။ သူက Gym ထရိန်နာသမား ဘာရောဂါအခံမှ မရှိဘူး” လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုဖြစ်ရပ်ဟာ ဘားအံမြို့နယ်ထဲမှာ စစ်ကြောရေးရောက်ပြီး နှိပ်စက်ခံရတဲ့ ဒဏ်ရာကြောင့် ပထမဦးဆုံးအဖြစ် အသက်သေဆုံးမှုလည်း ဖြစ်တာပါ။

စစ်ကောင်စီနဲ့ နီးစပ်သူတွေကတော့ အဲဒီလူငယ်ဟာ ရောဂါအခံရှိတာဖြစ်ပြီး ဆေးရုံတက်ရောက်ကုသနေချိန်မှာ အခုလိုသေဆုံးသွားတာဖြစ်တယ်လို့ ပြောပါတယ်။

ဘားအံမြို့နယ်အတွင်းမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက လိုက်လံရှာဖွေဖမ်းဆီးမှုတွေ နေ့စဉ်လိုလိုလုပ်ဆောင်နေပြီး နှစ်ပတ်အတွင်း အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံနေခဲ့ရတယ်လို့ ဘားအံမြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။