Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သား နှစ်ဦးသေသောကနေဒီတောင်တိုက်ပွဲမှ သေနတ်နှစ်လက်ကို CDF သိမ်းဆည်းရမိ

ချင်းပြည်နယ်မှာ နိုဝင်ဘာလဆန်းမှာဖြစ်တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ပေါင်းများစွာသေဆုံးပြီးအထိ့နာနေတာဖြစ်ပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်ခြေအနီးမှာ နိုဝင်ဘာ ၅ ရက်က တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ၂ယောက်သေဆုံးခဲ့သလို၊ စစ်ကောင်စီတပ်မှ သေနတ် ၂ ကိုလက်သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-CDF က ဒီနေ့ညမှာ ဓါတ်ပုံနဲ့တစ်ကွထုတ်ပြန်ပါတယ်။

သေနတ်နှစ်လက်၊ဖုန်းနှစ်လုံး ၊ငွေစက္ကူသောင်းဂဏန်းခန့် ၊မှတ်ပုံတင်အချို့သိမ်းဆည်းရမိခဲ့တာကို ထုတ်ပြန်တဲ့ဓါတ်ပုံမှာတွေ့ရပါတယ်။ကနေဒီတောင်တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။ပြည်သူ့ကာကွယရေးတပ်ဖွဲ့တွေဘက်က PDF (ဇိုလန်) ကတပ်ဖွဲ့ဝင်အသက်၂၂ နှစ်အရွယ်ရှိတာန်ပေါင်ဂင့်ထန် (Tg. Pau Gin Thang) ကျဆုံးခဲ့တယ်လို့ PDF(ဇိုလန်)ကထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာ နိုဝင်ဘာလဆန်းမှာဖြစ်တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ပေါင်းများစွာသေဆုံးပြီးအထိ့နာနေတာဖြစ်ပါတယ်။

Chinland Defense Force – Kalay Kabaw Gangaw

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။