Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်း ငါးရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၈ဦးခန့်သေ၊ ဒေသခံများ၏ နွားနောက်နှင့် နေအိမ်များမီးရှို့ဖျက်ဆီး၍ ရွာသားများပါပူးပေါင်းတိုက်ခိုက်ဟု မင်းတပ်CDF ထုတ်ပြန်

(၃၁) မိုင်ဝန်းကျင်တွင်လည်း လမ်းဘေးတွင် စစ်ကောင်စီလက်အောက်ခံ ‌ရဲသားတစ်ဦး၏အလောင်းကို မြုပ်ထားသည်ကို တွေ့ရပြီး တိုက်ပွဲယာဉ်တန်းတွင် စစ်သားများသာမက ရဲသားများ၊ မီးသတ်များ လည်း ပါလာသည်ဟု ယူဆရသည်ဖော်ပြထားသည်။

မင်းတပ်-မတူပီလမ်းတွင် ငါးရက်‌မြောက်အဖြစ် ‌တိုက်ပွဲများဆက်လက်ဖြစ်ပွားရာ ယမန်နေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၈ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မင်းတပ် CDFက ယမန်နေ့ညသန်းခေါင်ယံတွင် ထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၇ရက်)က မိုင်တိုင် (၂၆)ဝန်းကျင်တွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ မင်းတပ် CDFနှင့် ယာဉ်တန်းဖြင့် ရှေ့ကင်းထွက်လာသော စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။ မင်းတပ် CDF ၏ ဆီးကြိုတိုက်ခိုက်မှုကြောင့် ရှေ့ကင်းထွက်လာသော စစ်ကောင်စီတပ်သား ၁၀ ဦးလုံး ကတ္တရာလမ်းပေါ်၌ ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် စစ်ကောင်စီယာဉ်တန်းမှ လက်နက်ကြီးများ၊ သံချပ်ကာများ၊ စက်သေနတ်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်သောကြောင့် လက်နက်များကောက်ယူရန် မဖြစ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။ မင်းတပ်CDF ဘက်မှ ပေါင်ကျည်ထိဒဏ်ရာရသူ တစ်ဦးရှိပြီး မစိုးရိမ်ရဟု ထပ်မံအသိပေးထားသည်။

ထို့အပြင် ယမန်နေ နေ့လည် ၂ နာရီခွဲခန့်ကလည်း နောက်ထပ် ထပ်မံလိုက်လာသော စစ်ကောက်စီယာဥ်တန်းအား မင်းတပ် CDF ရဲဘော်များက မိုင်တိုင် (၂၅)ဝန်းကျင်တွင် အနီးကပ် ဝင်တိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၂ နာရီ နီးပါး ကြာမြင့်ခဲ့ရာ CDF၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရခဲ့ပြီး ရှစ်ဦးခန့် ကျဆုံးမည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CDFမှ ဒဏ်ရာရသူ တစ်ဦးမှ မရှိဘဲ ပြန်ဆုတ်လာခဲ့သည်ဟုလည်း အသိပေးထားသည်။

(၃၁) မိုင်ဝန်းကျင်တွင်လည်း လမ်းဘေးတွင် စစ်ကောင်စီလက်အောက်ခံ ‌ရဲသားတစ်ဦး၏အလောင်းကို မြုပ်ထားသည်ကို တွေ့ရပြီး တိုက်ပွဲယာဉ်တန်းတွင် စစ်သားများသာမက ရဲသားများ၊ မီးသတ်များ လည်း ပါလာသည်ဟု ယူဆရသည်ဖော်ပြထားသည်။

ထို့အပြင် နိုဝင်ဘာ၆ရက် နံနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် မိုင်တိုင်(၃၁)သို့ ရောက်လာသော စစ်ကောင်စီယာဉ်တန်းနှင့် CDFတို့ တိုက်ပွဲဖြစ်ခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် ဒေသခံရွာသားများနှင့် CDFတို့ပူးပေါင်းပြီး ကားလမ်းဘေး ရေနုတ်မြောင်ကြား၊ သစ်ပင်ပေါ်များတွင် နေရာယူပြီး ယာဉ်တန်းကို တူမီးများနှင့် အနီးကပ် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ စစ်ကောင်စီတပ်များ လွန်ခဲ့သောအပတ်ကစ၍ မတူပီသို့ အလာလမ်းတွင် ရွာသားများ၏ နွားနောက်များ သတ်စားခြင်း၊ အိုးအိမ်ပစ္စည်းအမျိုးမျိုးကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံရွာသားများက တက်တက်ကြွကြွပါဝင် တိုက်ခိုက်ကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။