Connect with us

Hi, what are you looking for?

News

မြိုင်ကြီးငူစစ်​ရှောင်က​လေး​တွေအတွက် သင်ကြာ​ရေးအ​ထောက်ကူပစ္စည်း​တွေလို​​နေ

“စစ်ရှောင်ကလေးတွေ ပြင်ပကျောင်းလည်းတက်တယ်။ အစိုးရကျောင်းလည်းတက်တယ်။ မြိုင်ကြီးငူကျောင်းမှာပဲပေါ့။ အားလုံးပဲ နီးစပ်ရာ သူတို့တက်တာပေါ့။ ဘောပင် ဗလာစာအုပ်တွေ လိုအပ်တာပေါ့” လို့ စစ်ရှောင်စခန်းတာဝန်ခံ ဦးထွန်းက ပြောပါတယ်။

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသမှာ ရောက်ရှိခိုလှုံနေကြတဲ့ စစ်ရှောင်ကလေးတွေ ပညာသင်ကြားရေးအတွက် သင်ထောက်ကူပစ္စည်းအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ​ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသကို ရောက်ရှိခိုလှုံနေကြတဲ့ မယ်သဝေါဒေသ စစ်ရှောင်တွေနဲ့ ဖာပွန်ဒေသက စစ်ရှောင်တွေရဲ့ ကလေးတွေဟာ စခန်းအတွင်းမှာဖွင့်လှစ်ထားတဲ့ ပြင်ပစာသင်ကျောင်းနဲ့ မြိုင်ကြီးငူက နီးစပ်ရာအစိုးရစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေရတာဖြစ်ပါတယ်။

လက်ရှိ မြိုင်ကြီးငူစစ်ရှောင်စခန်းအတွင်းမှာ ပြင်ပစာသင်ကျောင်းတစ်ခုဖွင့်လှစ်ထားပြီး စစ်ရှောင်ကလေးဦးရေ ၁၀၀ ကျော် ပညာသင်ကြားလျက်ရှိနေကာ သူတို့တွေအတွက် စာရေးကိရိယာ သင်ထောက်ကူပစ္စည်းအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးထွန်းက ပြောပါတယ်။

“စစ်ရှောင်ကလေးတွေ ပြင်ပကျောင်းလည်းတက်တယ်။ အစိုးရကျောင်းလည်းတက်တယ်။ မြိုင်ကြီးငူကျောင်းမှာပဲပေါ့။ အားလုံးပဲ နီးစပ်ရာ သူတို့တက်တာပေါ့။ ဘောပင် ဗလာစာအုပ်တွေ လိုအပ်တာပေါ့” လို့ စစ်ရှောင်စခန်းတာဝန်ခံ ဦးထွန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မြိုင်ကြီးငူအနီး မယ်သဝေါဒေသဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ရှောင်ထောင်ချီခန့်ဟာ မြိုင်ကြီးငူဒေသကို ရောက်ရှိခိုလှုံနေထိုင်ကြသလို အခုနှစ် မတ်လပိုင်းက ဖာပွန်မှာဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့်လည်း စစ်ရှောင်ထောင်ချီ မြိုင်ကြီးငူကို ရောက်ရှိနေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ကနေ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းသွားဖို့ နဲ့ပတ်သက်ပြီး ဇူလိုင်လ ၂၀ ရက် က ကရင်ပြည်နယ် ၊ မြိုင်ကြီးငူဒေသမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲမှာ BGF ထိပ်ပိုင်းခေါင်းဆောင်တွေကဆွေးနွေးတင်ပြကြတယ်လို့ သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး နေရပ်ပြန်လာစဥ် စစ်ကောင်စီတပ်သားများ ထောင်ထားသည့် မိုင်းထိ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

အဆိုပါ အပတ်စဥ် (၂)သင်တန်းတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၆၀ဦးပါဝင်ပြီး သင်တန်းကာလ နှစ်လနှင့် တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်း

ကလေးမြို့ပေါ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် ယမန်​နေ့ည ည ၁၂ နာရီတွင် စန်းမြို့ရပ်ကွက်ရှိ အ.ထ.က (၈ ) ကျောင်းဆောင်မီးလောင်ခဲ့​ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ​