Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမြို့နယ်တွင် နေရပ်ပြန်စစ်ရှောင်တစ်ဦး စစ်တပ်ထောင်ထားသည့် မိုင်းထိပြီး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး နေရပ်ပြန်လာစဥ် စစ်ကောင်စီတပ်သားများ ထောင်ထားသည့် မိုင်းထိ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး နေရပ်ပြန်လာစဥ် စစ်ကောင်စီတပ်သားများ ထောင်ထားသည့် မိုင်းထိ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၂၃ ရက်)ည ၉ နာရီခန့်က လက်ပံတန်းမြို့နယ် ရေငံကျေးရွာမှ ကိုအောင်မောင်းဆိုသူသည် စစ်ရှောင်စခန်းမှတဆင့် နေရပ်သို့ပြန်စဥ် စစ်ကောင်စီတပ်သားများထောင်ထားသည့် မိုင်းနင်းမိကာ ခြေတစ်ဖက်ပြတ်သွားကြောင်း ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပရဟိတင်းအသင်းအားအကူ အညီတောင်း၍ ဆေးရုံသို့ပို့ဆောင်ရန် စီစဥ်ခဲ့ရာ ရေငံရွာအသွားလမ်းပေါ်ရှိ ထန်းပင်ချောင်ကျေးရွာမှ စစ်ကောင်စီတပ်သားများက လူနာအားသွားရောက်သယ်ယူခွင့်မပြုသောကြောင့် လူနာမှာသွေးထွက်လွန်ပြီး ယနေ့(စက်တင်ဘာ ၂၄ ရက်)နံနက် ၁၀ နာရီခန့်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ သြဂုတ်လလယ် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းကစပြီး (စစ်ကောင်စီတပ်မှ)ကျေးရွာပတ်လည်မှာ မိုင်းတွေထောင်ထားတယ်။ ကိုအောင်မောင်းက အဲဒါကိုမသိဘဲ သွားလိုက်တာ”ဟု စစ်ရေးသတင်းရင်းမြစစ်တစ်ဦးက ပြောသည်။

လက်ပံတန်းမြို့နယ်မှ ရေငံရွာတွင် သြဂုတ် ၂၄ ရက်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည့်ကျေးရွာဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးကာ ၁၀ ဦးအရှင်ဖမ်းမိခဲ့သည်။

ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရေငံကျေးရွာသို့ဝင်ရောက်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်းများစိတ်ကြိုက်လုပ်ဆောင်၍ ရွာပတ် ပတ်လည်၌ မိုင်းများထောင်ထားခြင်းဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ရေငံရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် ထန်းပင်ချောင်ရွာ၌ စစ်တပ်က အထိုင်ချထားပြီး ရေငံအပါအဝင် အနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူပိုင် လယ်ထွန်စက်များ၊ ရိတ်ခြွေစက်များကို စစ်ကောင်စီတပ်က အတင်း အဓမ္မသိမ်းယူနေသည့်အပြင် စစ်ရှောင်ပြည်သူများ၏ စပါးများကိုလည်း ပျူစောထီးများနှင့်ပေါင်း၍ ရိတ်သိမ်းယူနေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ထန်းပင်ချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က သတင်းထုတ်ပြန်ပါတယ်။