Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့် PDF က ထီးချိုင့်မြို့ အဝင်လုံခြုံ​ရေးဂိတ်ကို တိုက်ခိုက်ရာ စစ်​​ကောင်စီတပ် ၂ ဦး​သေ

“ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတာ။ စစ်ခွေးတွေ သေတာကို ဒီမနက်မှ သိရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့် PDFကထီးချိုင်မြို့အဝင် လုံခြုံရေးဂိတ် စောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်။

ထီးချိုင့်မြို့အဝင် မောင်းတံဂိတ်အနီး ကျော်လက်ဖက်ရည်ဆိုင်အတွင်း ရှိနေကြသော စစ်ကောင်စီတပ်သားများကို ယမန်နေ့( နိုဝင်ဘာလ ၈ ရက်) ည ၁၂ နာရီခန့်တွင် ထီးချိုင့် PDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတာ။ စစ်ခွေးတွေ သေတာကို ဒီမနက်မှ သိရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ထီးချိုင့် PDFက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ထီးချိုင့် PDFတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့နှင့် အနီးဝန်းကျင်မြို့များဖြစ်သော ကောလင်းနှင့် ကသာမြို့တွင်လည်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ခုခံတော်လှန်နေရာ စစ်ကောင်စီတပ်အထိနာနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။