Connect with us

Hi, what are you looking for?

News

ထီးချိုင့် PDF က ထီးချိုင့်မြို့ အဝင်လုံခြုံ​ရေးဂိတ်ကို တိုက်ခိုက်ရာ စစ်​​ကောင်စီတပ် ၂ ဦး​သေ

“ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတာ။ စစ်ခွေးတွေ သေတာကို ဒီမနက်မှ သိရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့် PDFကထီးချိုင်မြို့အဝင် လုံခြုံရေးဂိတ် စောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်။

ထီးချိုင့်မြို့အဝင် မောင်းတံဂိတ်အနီး ကျော်လက်ဖက်ရည်ဆိုင်အတွင်း ရှိနေကြသော စစ်ကောင်စီတပ်သားများကို ယမန်နေ့( နိုဝင်ဘာလ ၈ ရက်) ည ၁၂ နာရီခန့်တွင် ထီးချိုင့် PDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတာ။ စစ်ခွေးတွေ သေတာကို ဒီမနက်မှ သိရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ထီးချိုင့် PDFက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ထီးချိုင့် PDFတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့နှင့် အနီးဝန်းကျင်မြို့များဖြစ်သော ကောလင်းနှင့် ကသာမြို့တွင်လည်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ခုခံတော်လှန်နေရာ စစ်ကောင်စီတပ်အထိနာနေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။