လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုံ ယူနိုင်းမြန်မာ အထည်ချုပ်စက်ရုံ HR မန်နေဂျာ ကို Yangon Eagle အဖွဲ့က ရှင်းလင်းခဲ့ကြောင်းသတင်းထုတ်ပြန်သည်။
“ငွေပင်လယ် စက်မှုဇုံ ယူနိုင်းမြန်မာ အထည်ချုပ်စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ )ကျော်ကျော် အလုပ်သမားများအပေါ် စကစ နှင့် ပေါင်းပီး လူပါး ဝနေသော ဒလံ အား ကျတော်တို့ Yangon Eagle အဖွဲ့မှ ငရဲသို့ ပို့လိုက်ပါပြီ” ဟု Yangon Eagle ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထုတ်ပြန်ထားသည်။
ယနေ့ည ၇ နာရီအချိန်ခန့်က လှိုင်သာယာမြို့နယ် အလယ်ရွာ မီးပွိုင့်အနီး၌ ကားခေါင်းခန်းတွင် လိုက်ပါလာသော မန်နေဂျာကို သေနတ်ပစ်ခံရခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားကြောင်းဒေသခံတစ်ဦးကပြောသည်။
အဆိုပါဖြစ်စဥ်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
မန်နေဂျာ ကျော်ကြီးသည် ပြီးခဲ့သည့် ဧပြီလအတွင်း စက်ရုံမှခွင့် ယူ၍ နားနေသော ဝန်ထမ်းလူငယ်နှစ်ဦးကို အလုပ်မလာလျှင်ထုတ်ပစ်မည်ဟု ခြိမ်းချောက်ကာ အလုပ်သို့ခေါ်ခဲ့ပြီး၊ အဆိုပါလူငယ်များ ရောက်လာသောအခါ စစ်သားအင်အား ၃၀ ခန့်ကိုခေါ်ပြီး ဖမ်းခိုင်းခဲ့ကြောင်း ယင်း လူငယ်နှစ်ဦး လွတ်မြောက်သွားသော်လည်း ဆိုင်ကယ်အသိမ်းခံခဲ့ရကြောင်း HTY Information ၏ ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။


















































