Connect with us

Hi, what are you looking for?

News

ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့ ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေ ချိတ်လိုက်ပိတ်​နေတဲ့ စစ်ကောင်စီ

ဒေါက်တာလျန်မှုန်းဆာခေါင်းကတော့ သူ့အိမ်ချိတ်ပိတ်ခံရတာကို”မင်းအောင်လှိုင်နဲ့သူရဲ့စစ်တပ်က လုယူသွားပါတယ်”လို့ ဖေ့ဘွတ်ခ်မှာအတိအလင်းရေးသားထားပါတယ်။

စစ်ကိုင်းတိုင်းထဲတင် ချိတ်ပိတ်ခံရတဲ့ အိမ် အလုံး ၃၀ ​ကျော်ရှိ”

အာဏာသိမ်းတာကိုဆန့်ကျင်တယ်ဆိုကာ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ အိုးအိမ်တွေနဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်တာတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာတွေ့ရပါတယ်။

ဒီလို ချိတ်ပိတ်တာကို နိုင်ငံတဝှမ်း လုပ်ဆောင်နေတာပါ။

ချိတ်ပိတ်ခံရတဲ့အထဲ NUG အစိုးရ ရဲ့ ဖက်ဒရယ်ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း ရဲ့ ချင်းပြည်နယ် ဟားခါးမြို့ကနေအိမ် ပါဝင်သလို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ ကျုံပျော် နေအိမ် လည်းပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာလျန်မှုန်းဆာခေါင်းကတော့ သူ့အိမ်ချိတ်ပိတ်ခံရတာကို”မင်းအောင်လှိုင်နဲ့သူရဲ့စစ်တပ်က လုယူသွားပါတယ်”လို့ ဖေ့ဘွတ်ခ်မှာအတိအလင်းရေးသားထားပါတယ်။

စစ်ကောင်စီအ​နေနဲ့ အခုလို ချိတ်ပိတ်တာ​တွေကို သူတို့ကိုခုခံမှုအမြင့်ဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာအများဆုံးလုပ်ဆောင်နေတာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ တန့်ဆည်၊ ရေဦး၊ မုံရွာ၊ ရွှေဘို စတဲ့မြို့နယ်တွေထဲက NLD အမတ်တွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခေါင်းဆောင်တွေ၊NLD ပါတီကိုထောက်ခံသူတွေရဲ့ နေအိမ်တွေကို ဆက်တိုက်ဆိုသလိုချိတ်ပိတ်ပစ်ပါတယ်။

နေအိမ်အပြင် စီးပွားရေးလုပ်ငန်းတွေကို ချိတ်ပိတ်တာတွေ့ရပါတယ်။

လူထုနွေဦးသတင်းဌာနရဲ့ စုံးစမ်း​မေးမြန်းစာရင်း​ကောက်ယူရသ​လောက် စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီဟာအနည်းဆုံးနေအိမ် အလုံး ၃၀ လောက်ကိုချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

ချိတ်ပိတ်ခံရတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ စတိုးဆိုင်၊ ဧည့်ရိပ်သာ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း၊ ဟိုတယ်လုပ်ငန်းတွေ ပါဝင်ကြပါတယ်။

ဒါ့အပြင် လာရောက်ဖမ်းဆီးရာမှာ လူမတွေ့တဲ့အတွက် နေအိမ်ကို ချိတ်ပိတ်တာကိုလည်း စစ်ကောင်စီက လုပ်ပါသေးတယ်။

” တိုက်ခန်းက သော့ခတ်ပြီးထားတာကို သော့ဖျက်ပြီး ပထမရက်က ဝင်မွှေသွားတာ ၊လူမရှိတော့ နောက်ရက်အခန်းကိုလာချိတ်ပိတ်သွားတာ”လို့ နေအိမ်ကိုချိတ်ပိတ်ပြီးနောက်ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ သင်္ဃန်းကျွန်းက လူငယ်တစ်ဦးရဲ့ ဝမ်းကွဲအကို က ပြောပြပါတယ်။

အဲဒီလို စစ်ကောင်စီချိတ်ပိတ်လိုက်တဲ့တိုက်ခန်းဟာ မောင်နှမ နှစ်ဦးပိုင်ဆိုင်တာဖြစ်ပြီး ၁၈ နှစ်အရွယ် မောင်ဖြစ်သူ ဖမ်းခံရပြီးနောက် အမဖြစ်သူလည်း တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ချိတ်ပိတ်ရာမှာ မိသားစုဝင်တွေကို နေအိမ်ကနေ ချက်ချင်းပြောင်းရွှေ့ဖို့ စစ်ကောင်စီဟာ အတင်းအဓမ္မစေခိုင်းတာတွေကိုလည်းလုပ်ပါတယ်။

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ရဲ့နေအိမ်ကို ချိတ်ပိတ်ရာမှာ မိသားစုဝင်တွေကိုသေနတ်နဲ့ချိန်ပြီး ချက်ချင်းပြောင်းရွှေ့ခိုင်းတာတွေ လုပ်ခဲ့တယ်လို့ ဗကသ က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီရဲ့မိသားစုဝင်တစ်ဦးကတော့ အိမ်ကို ချိတ်ပိတ်တယ်ဆိုတာ မိသားစုဝင်တွေကို အိမ်ပေါ်က နှင်ချတာဖြစ်ပြီး ကျန်သူတွေ ဒီလိုလုပ်ရင် ဒါမျိုးဖြစ်မယ် နမူနာအနေနဲ့ ကြည့်သာထားကြ ဆိုတဲ့သဘောမျိုးဖြစ်တယ်လို့ ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။

ဒါပေမယ့် သူတို့ရဲ့နေအိမ်လေးဟာ မြန်မာပြည်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာ အုပ်တချပ်အဖြစ် သမိုင်းဝင်ကမ္ဗည်းထိုးခဲ့ပြီလို့ရေးထားပါသေးတယ်။

ဒေါက်တာလျန်မှုန်းဆာခေါင်းက လည်း အိမ်နဲ့ပိုင်ဆိုင်မှုကိုတွေကို သိမ်းယူလို့ရပေမယ့် တော်လှန်ရေးစိတ်ဓာတ်နဲ့ဝိညာဉ်ကိုတော့ ဘယ်တော့ မှသိမ်းပိုက်လို့မရဘူးလို့ စစ်ကောင်စီကိုသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။