Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသရှိနေရာသုံးခုတွင်တပ်စွဲထားသော ကိုးကန့်တပ်များဆုတ်ခွာမည်ဟု ထုတ်ပြန်

မုံးကိုးဒေသ နေရာ ၃ခုရှိ တပ်ခွဲများအားဆုတ်ခွာရန်အမိန့်ပေးခဲ့သည့်အပြင်မုံးကိုးမှပန်ဆိုင်း တံတားကြားရှိ စနိုက်ပါတပ်သားချုံခိုပွိုင့် ၂ နေရာကိုလည်းဆုတ်ခွာရန်ညွန်ကြားခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မုံးကိုးဒေသ စစ်ရေးတင်းမာမှုကို လျော့ကျစေလိုသော ရည်ရွယ်ချက်ဖြင့် မုံးကိုးဒေသ၌ ကိုးကန့်လက်နက် ကိုင်တပ်ဖွဲ့(MNDAA) တပ်စွဲထားသည့် နေရာ ၃ခုကို ဆုတ်ခွာရန် MNDAA ပြောရေးဆိုခွင့်ရှိသူ လီထျန်းဖူ က ကြေညာလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

မုံးကိုးဒေသ နေရာ ၃ခုရှိ တပ်ခွဲများအားဆုတ်ခွာရန်အမိန့်ပေးခဲ့သည့်အပြင်မုံးကိုးမှပန်ဆိုင်း တံတားကြားရှိ စနိုက်ပါတပ်သားချုံခိုပွိုင့် ၂ နေရာကိုလည်းဆုတ်ခွာရန်ညွန်ကြားခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရောဂါကာကွယ်ရေး ၊ပြည်သူလူထုလူမှုစီးပွား အဆင်ပြေရေး၊ငြိမ်းချမ်းစွာဆွေးနွေးငြိနှိုင်းရေး၊ နှစ်ဖက်သွေးထွက်
သံယိုဖြစ်မှုလျော့ကျစေရေး၊သမိုင်းပေးတာဝန်ကိုသိတတ်ရေး၊အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသောပဋိပက္ခများကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းပြီးနိုင်ငံတော်အားစစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိစေရန် အကြမ်းဖက်စစ်ကောင်စီအား တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန် ချက်၌ ပါရှိသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်စဥ် နိုင်ငံတစ်ဝန်းရှိပြည်သူများ၏ အား​ပေး၊​ထောက်ခံမှုအများအပြားရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ နှစ်ဖက် စစ်ရေးစုဖွဲ့မှုတွေ ဆက်ရှိနေကြောင်း ဒေသခံနဲ့ ဒေသစစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စခန်းသိမ်းပြီးနောက် စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိဘူးလို့လည်း ပြောပါတယ်။

သတင်း

စစ်ကောင်စီအနေဖြင့် စစ်ရှောင်ပြည်သူများကို ဖမ်းဆီးပြီး PDF ဇိုလဲန်းတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိသည်ဟု ဝါဒဖြန့်ခြင်းလည်း ရှိနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။